17-11-2011
ပြည်ထဲအရေး၊ ပေါက်နှင့်ကျေး။ တိမ်တောင်သဖွယ်၊ မင်းရေးကျယ် ဆိုသော ရှေးစကားသည် လက်ရှိ မြန်မာ့ နိုင်ငံရေး နယ်ပယ်နှင့် ထပ်ဟပ် ကိုက်ညီ နေသည့် အချိန် ကာလဖြစ်သည်။

၁။
မြန်မာ့ နိုင်ငံရေး လောကတွင် တချိန်က (၁၉၈၈) အပြီး ဦးစောမောင် ၊ဦးသန်းရွှေ တို့ နောက်တွင် ဦးနေ၀င်းကြီး ကြိုးကိုင် ချယ်လှယ် နေသည် ဟု လူတိုင်းက ပြောဆို မှတ်ယူနေကြ သကဲ့သို့ ယခုလည်း၊ မနိုင်လျှင် နိုင်အောင် တမင်ညစ်ပတ် အနိုင်ရယူ ထားသော ၂၀၁၀ ရွေးကောက်ပွဲ အရ တက်လာသည့် ဦးသိန်းစိန် အစိုးရ နောက်တွင် ဦးသန်းရွှေကြီး ကြိုးကိုင် ချယ်လှယ်နေသည်ဟု ပြောဆို မှတ်ချက်ချကြသည်ကိုသိရ ကြားရသည်။

