Yawng.. hpe.. LAIKA DUM.. kaw.. nna.. Grai.. Kabu.. Gara.. ai.. Myit.. hte.. Hkap.. Tau.. La.. Nga.. ga.. ai,,,,,Welcome.. To.. LAIKA DUM,,,,,We.. Support.. KIO/A***Jiwoi.. Jiwa.. ni.. e.. du..daw.. sai..hkaw.. let.. makawp.. maga.. hkinghtawng.. jaw.. da.. sai.. Chyurum.. ai.. Wunpawng.. Jinghpaw.. sha.. Annau ..Ni.. a ..Dailup Daihpang.. Lamu.. ga ..Ya.. myen.. hpyen.. wa.. Up.. Sha.. nga.. ai ..lu....

Sawk Tam na

Kachin National Anthem

Friday, April 15, 2011

အရေးပါသော ပုဂ္ဂိုလ်များ၏ လုံခြုံရေးအား အနီးကပ် ကာကွယ်စောင့်ရှောက်ခြင်း (ခင်မမမျိုး )

အရေးပါသော ပုဂ္ဂိုလ်များ၏ လုံခြုံရေးအား အနီးကပ် ကာကွယ်စောင့်ရှောက်ခြင်း (ခင်မမမျိုး )



နိဒါန်း

ပဋိပက္ခဖြေရှင်းရေး၊ အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက်ရေးဆိုင်ရာ သင်တန်းတွေမှာ ကာကွယ် စောင့်ရှောက်ခြင်းနဲ့ ပတ်သက်ပြီး ဘာသာရပ်နှစ်မျိုးကို သင်ကြားလေ့ရှိပါတယ်။ ပထမတမျိုးက Critical Infrastructure Protection ဖြစ်ပြီး၊ ဒုတိယတမျိုးကတော့ close protection ဖြစ်ပါတယ်။ လူတဦးတယောက် (သို့မဟုတ်) အုပ်စုတခုကို အနီးကပ် ကာကွယ်စောင့်ရှောက်ရတဲ့အခါမှာ စောင့်ရှောက်ခံရသူ (သို့မဟုတ်) အုပ်စုတခုမှာ အရေးပါတဲ့ပုဂ္ဂိုလ် (Very Important Person- VIP) တွေ ပါဝင်နေတတ်ပါတယ်။ ဒါကြောင့်လဲ VIP/ Close Protection လို့ လုံခြုံရေးလောကမှာ ခေါ်ဝေါ်သုံးနှုံးပါတယ်။

Thursday, March 3, 2011

လက်နက်ကိုင်အင်အားစုများပြည်ပရောက်ဒီမိုကရေစီအင်အားစုများပူးပေါင်းလုပ် ဆောင်ရမည့် အလုပ်သင့် ဆုံးအလုပ် မှာ...

တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးသည် တပ်ပေါင်းစုများဖွဲ့ပြီး နိုင်ငံရေးအရ ပူးပေါင်းလုပ်ဆောင်မှုများသာ အတိက်ကရှိခဲ့ပေသည်။
National Democratic Front (NDF) သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တပ်ပေါင်းစုဖြစ်သည်။



Democratic Alliance of Burma (DAB) ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်ကြီး (မဒတ) သည် တိုင်းရင်းသား တပ်ပေါင်းစု NDF နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အပါအဝင် မြန်မာအဖွဲ့အစည်းများပါဝင်သည့် ပိုမိုကျယ်ပြန့်သည့် တပ်ပေါင်း စုတခု ABSDF ဖွဲ့စည်းပြီး ရှေးမနှောင်း ခင် ပေါ်ပေါက် လာခဲ့သော အဖွဲ့ကြီးဖြစ်သည်။

Thursday, February 10, 2011

သမ္မတ သိန်း ၅ဝ၊ ကား ၆ စီး

နယူးဒေလီ (မဇ္ဈိမ) ။       ။ နိုင်ငံတော် သမ္မတလစာ ကျပ်သိန်း ၅ဝ ဟုပါရှိသော အစိုးရ အဖွဲ့ဝန်ထမ်းများ အတွက် လစာနှုန်းထားများနှင့် အခြား ခံစားခွင့်ဆိုင်ရာ ဥပဒေများကို စစ်အစိုးရက ထုတ်ပြန်ထားကြောင်း ရခိုင် ပြည်သူ့လွှတ်တော် အမတ် ဦးဘရှိန်က ပြောသည်။

Wednesday, February 9, 2011

တရုတ် စစ်အင်အားက အန္တရာယ် ရှိလာပြီလား - အပိုင်း (၂)


အမေရိကန်ရေတပ် တည်ဆောက်ပုံ

အမေရိကန်ရေတပ်တည်ဆောက်ပုံက ရှုပ်ထွေးပါတယ်။ အမေရိကန် စစ်ရေးအတွေးအခေါ်က စစ် (၂) ခုကို တပြိုင်ထဲတိုက်နိုင်ရမယ်ဆိုတဲ့ အတွေးအခေါ်ဖြစ်တဲ့အတွက် သူ့ရဲ့ရေတပ်ကို အတ္တလန်တစ်အုပ်စု Atlantic Fleet (Norfolk, Virginia) နဲ့ ပစိဖိတ်အုပ်စု Pacific Fleet (Pearl Harbour, Hawaii) ဆိုပြီး ခွဲထားပါတယ်။ ပြီးမှတခါ နံပါတ်တပ်ခေါ်တဲ့ Numbered Fleets ဆိုပြီး ကမ္ဘာကြီးရဲ့ ပထဝီအနေအထားရ လိုအပ်သလို ဖွဲ့ထားပြန်တယ်။ ဥပမာ အာရှ အတွက် 7th Fleet အမှတ် (၇) ရေတပ်မတော်၊ ဥရောပအတွက် 6th Fleet အမှတ် (၆) ရေတပ်မတော်။ အခုလိုအပ်လာလို့ 5th Fleet အမှတ် (၅) ရေတပ်မတော် ကို ဘာရိန်းမှာ ပြန်ထားတယ်။ နောက်ဆုံး 4th Fleet အမှတ် (၄) ရေတပ်မတော်ကို တောင်အမေရိက (Latin America) အတွက် ၂ဝဝ၈/၂ဝဝ၉ ကပြန်ဖွဲ့ခဲ့ပါတယ်။ ဒီ နံပါတ် ရေတပ်မတော်တွေက လှုပ်ရှားနေရတဲ့ ရှေ့ပြေးရေတပ်တွေ ဖြစ်တယ်။ ဥပမာ 5th Fleet အမှတ် (၅) ရေတပ်မတော်ဟာ သူ့နယ်မြေအောက်မှာရှိတဲ့ အိန္ဒိယ သမုဒ္ဒရာမှာ ကင်းလှည့်ရတယ်။ လိုအပ်တဲ့ သင်္ဘောနဲ့ ရေတပ်သားတွေကို အတ္တလန်တိတ်အုပ်စုနဲ့ ပစိဖိတ်အုပ်စုက Atlantic Fleet နဲ့ Pacific Fleet က အလှည့်ကျ ပို့ပေးရတယ်။ အမှတ် (၂) ရေတပ်မတော် က ဗာဂျီးနီးယားမှာရှိပြီး အတ္တလန်တိတ်သမုဒ္ဒရာ တောက်လျောက် မြောက်ကနေတောင်အထိ တာဝန်ရှိတယ်။ အမှတ် (၃) ရေတပ်မတော် ကယ်လီဖိုးနီးယားပြည်နယ် စင်ဒီရေးဂိုးမှာ ရှိတယ်။ အဝေးရောက် အမှတ်စဉ်နဲ့ ရေတပ်မတော်တွေက တကယ်ကင်းလှည့်ပြီး ရန်သူနဲ့ရင်ဆိုင်ရတဲ့ တိုက်ခိုက်ရေး တပ်တွေ၊ ဒီတပ်တွေ တိုက်ရည်ခိုက်ရည်ရှိအောင် ထောက်ပံ့ရေး Logistic နဲ့ ခဲယမ်းလက်နက် အပိုပစ္စည်းတွေ ပြည့်စုံအောင် အတ္တလန်တိတ်နဲ့ ပစိဖိတ်အုပ်စုတွေက တာဝန်ယူကြရပါတယ်။ ဥပမာ Shore Commanders ကမ်းခြေစစ်စခန်းမှူး တွေရှိပါတယ်။သူတို့က ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရတာပါ။

ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတ၏ လုပ်ပိုင်ခွင့် ဥပဒေ အချို့

ပြည်ထောင်စု ရှေ့နေချုပ်

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဖြစ်သည်။ သမ္မတက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ၂၃၇ အရ အသက် ၄၅ နှစ်ပြည့်ပြီးသူ လွှတ်တော်ကိုယ်စားလှယ် သို့မဟုတ် လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများကို ခန့်အပ်နိုင်သည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးအဖြစ် အနည်းဆုံး ၅ နှစ် ဆောင်ရွက်ခဲ့သူ၊ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့်ထက် မနိမ့်သော တရားရေးအရာရှိ သို့မဟုတ် ဥပဒေအရာရှိရာထူးတွင် အနည်းဆုံး ၁ဝ နှစ် ထမ်းဆောင် ခဲ့သူ၊ သို့မဟုတ် တရားလွှတ်တော် ရှေ့နေအဖြစ် အနည်းဆုံး အနှစ် ၂ဝ အမှုလိုက်ခဲ့သူ၊ သို့မဟုတ် ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသူဟု သမ္မတက ယူဆသူဖြစ်ရမည်။

Monday, January 24, 2011

တရုတ် စစ်အင်အား က အန္တရာယ် ရှိလာပြီလား - အပိုင်း (၁)

By ဘိုဘိုကျော်ငြိမ်း

ယခုတလော တရုတ်စစ်အင်အား ကြီးထွားလာမှုနဲ့ စစ်လက်နက် အသစ်တွေနဲ့ ပတ်သက်ပြီး ဆက်တိုက် ပေါ်ထွက်နေတာတွေအပေါ် အမေရိကန်နှင့်အတူ ဂျပန်လို အိမ်နီးချင်းနိုင်ငံတွေက စိုးရိမ် ပူပန်လာနေကြတယ်။ 

Thursday, January 20, 2011

ကချင်ပြည်နယ်တွင် နှင်းမုန်တိုင်း တိုက်၊ ပျက်စီးမှုများရှိ

By Irrawaddy
ကချင်ပြည်နယ် ပန်ဝါ တွင် ဇန်န၀ါရီလ ၁၆ ရက်နေ့ က နှင်းမုန်တိုင်း တိုက်ခိုက်ပြီး ဆီးနှင်းများထူထပ်စွာ ကျဆင်းမှု ကြောင့် တရုတ်-မြန်မာ ကုန်သွယ် ရေးဂိတ် ပျက်စီးပြိုကျသွားသည်။

ပြည်သူ့စစ်မှုထမ်း ဥပဒေ လွှတ်တော်လုပ်ပိုင်ခွင့်ကို ထိပါး

By VOA
မကြာခင် စတင် ခေါ်ယူတော့မယ့် လွှတ်တော်အသစ် မတိုင်ခင်လေးမှာ မြန်မာနိုင်ငံမှာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဆိုတဲ့ ဥပဒေကို စစ်အစိုးရက ထုတ်ပြန်လိုက်တာဟာ ဥပဒေပြု အာဏာကို ထိပါးရာရောက်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောပါတယ်။ မကြာခင် လပိုင်းအတွင်း စစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ဥပဒေတွေနဲ့ ပတ်သက်လို့ NLD က ဒီကနေ့ သဘောထား ကြေညာချက် ၂ စောင် ထုတ်ပြန်ခဲ့တဲ့အထဲမှာ အခုလို ဖော်ပြထားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

Myen gaw NDF Bawk Ja hpe rim na warrant htuk

By KNG
 
Myen hpyen asuya gaw, National Democratic Force (NDF) a Jinghpaw Mungdaw, Hpakan datkasa Slgj. Bawk Ja hpe rim na warrant aming, ndai bat hta htuk dat sai.