ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က မှတ်တမ်းပုံ ဖြစ်ပါသည်။ (UN Photo/Mark Garten)
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟာ အခု အာရှခရီးစဉ်အတွင်း ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံက အာစီယံ ထိပ်သီး အစည်းအဝေးတွေကို တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံက ရွေးကောက်ပွဲ လွတ်လပ် တရားမျှတဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရွေးကောက်ပွဲမတိုင်မီ လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး မြန်မာအစိုးရအပေါ် ဖိအားပေးဖို့လည်း အာစီယံနိုင်ငံတွေကို ပန်ကြားခဲ့ပါတယ်။
တရုတ်ပြည် ခရီးစဉ်အတွင်း အကျဉ်းကျနေတဲ့ တရုတ် ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် လူရှောက်ဘိုနဲ့ ပတ်သက်လို့ တရုတ်အစိုးရအပေါ် တိုက်ရိုက် ဝေဖန်ပြောတာ မရှိပေမယ့် မစ္စတာလူရှောက်ဘို နိုဘဲလ်ဆု ချီးမြင့်ခံရတာဟာ လူ့အခွင့်ရေးနဲ့ ပတ်သက်လို့ တကမ္ဘာလုံးမှာ ဆန္ဒသဘောထား တူညီနေတယ်ဆိုတာ ပြသနေတယ်လို့ ပြောခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟာ ဒီကနေ့ ရှန်ဟိုင်း ကုန်စည်ပြပွဲ ပိတ်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ပြီး ရှန်ဟိုင်းအနီး သမိုင်းဝင် နန်ကျင်းမြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။ အဲဒီနောက် ဘေကျင်းမြို့ကို ခရီးဆက်ပြီး တရုတ်သမ္မတ ဟူကျင်တောင် အပါဝင် တရုတ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမယ်လို့ သိရပါတယ်။
No comments:
Post a Comment
Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga