Yawng.. hpe.. LAIKA DUM.. kaw.. nna.. Grai.. Kabu.. Gara.. ai.. Myit.. hte.. Hkap.. Tau.. La.. Nga.. ga.. ai,,,,,Welcome.. To.. LAIKA DUM,,,,,We.. Support.. KIO/A***Jiwoi.. Jiwa.. ni.. e.. du..daw.. sai..hkaw.. let.. makawp.. maga.. hkinghtawng.. jaw.. da.. sai.. Chyurum.. ai.. Wunpawng.. Jinghpaw.. sha.. Annau ..Ni.. a ..Dailup Daihpang.. Lamu.. ga ..Ya.. myen.. hpyen.. wa.. Up.. Sha.. nga.. ai ..lu....

Sawk Tam na

Kachin National Anthem

Friday, November 12, 2010

G-20 ထိပ်သီးတွေ ကုန်သွယ်ရေးကိစ္စ သဘောကွဲ

VOAnews

ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုကို ခြိမ်းခြောက်နေတဲ့ ကုန်သွယ်ရေး ဘက်မညီမျှမှုတွေ လျော့ကျအောင် ဘယ်လို လုပ်ကိုင်သွားကြမလဲ ဆိုတဲ့အပေါ် အကြီးအကျယ် သဘောထား ကွဲလွဲမှုတွေနဲ့ ကမ္ဘာပေါ်က စီးပွားရေး အင်အားကြီး နိုင်ငံပေါင်း ၂၀ က ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ စတင် ဖွင့်လှစ်လိုက်ပါတယ်။

G-20 အဖွဲ့ ခေါင်းဆောင်တွေ ဆိုးလ်မြို့တော်မှာရှိတဲ့ ကိုရီးယား အမျိုးသားပြတိုက်မှာ အလုပ်သဘော ညစာစားပွဲအတွင်း တွေ့ဆုံခဲ့ကြပြီး ထိပ်သီး အစည်းအဝေးပွဲ နောက်ဆုံးနေ့အဖြစ် ဒီကနေ့ သောကြာနေ့မှာ ထပ်မံ တွေ့ဆုံကြမှာပါ။ ညစာစားပွဲ မတိုင်မီ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာတော့ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ ချိန်ခွင်လျှာ ညီမျှပြီး ရေရှည်ခံမယ့် နည်းနာတခုကို စက်မှုထွန်းကားတဲ့ နိုင်ငံပေါင်း ၂၀ ရဲ့ ခေါင်းဆောင်တွေ ရှာဖွေသွားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောဆိုခဲ့ပါတယ်။


ဒါပေမဲ့လည်း အမေရိကန် ပြည်ထောင်စုလို ကုန်ပစ္စည်း တင်သွင်းမှုတွေမှာ အကြီးအကျယ် လိုငွေပြနေတာတွေ၊ တရုတ်နဲ့ ဂျာမဏီ နိုင်ငံတွေလို ပြည်ပကုန်တင်ပို့မှုတွေမှာ ပိုငွေ အမြောက်အမြား ပြနေတာတွေကို ဖြစ်စေတဲ့ ကုန်သွယ်ရေး ဘက်မညီမျှမှုတွေ အပေါ်မှာတော့ သဘောထားတွေ ကွဲလွဲနေကြဆဲပါ။

ပြည်ပပို့ကုန်တွေ အဓိက တင်ပို့တဲ့ နိုင်ငံတွေက ကုန်သွယ်ရေး ပိုငွေပြမှုတွေမှာ သတ်သတ်မှတ်မှတ် ကိန်းဂဏန်း ပြဋ္ဌာန်းရေးအတွက် G-20 အဖွဲ့က သဘောတူဖို့ အမေရိကန်က လိုလားနေတာပါ။ ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာ မာခဲလ် (Angela Merkel) ကတော့ ဒီအဆိုကို ပယ်ချခဲ့ပါတယ်။

No comments:

Post a Comment

Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga