ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လူငယ်များ တွေ့ဆုံပွဲ၌ အလွှာစုံမှ လူငယ် ၂ဝဝ ကျော်က ကွန်ယက်ဖွဲ့ရန် သဘောတူဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် လူငယ်များနှင့် တွေ့ဆုံပွဲကို အင်္ဂါနေ့ ဒီဇင်ဘာ ၂၈ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ပြုလုပ်ရာ နှုတ်ခွန်းဆက်စကား ပြောကြားနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ တံခါးပိတ် ဆွေးနွေးပွဲသို့ လူငယ် ၂၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
ကွန်ယက်မှတဆင့် NLD အပါအဝင် လူငယ်ထုအကြား ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ကိစ္စရပ်များကို ဆွေးနွေးလုပ်ကိုင်ရန်နှင့် NLD က ခေါ်ယူပြုလုပ်မည့် အစည်းအဝေးများ ဖိတ်ခေါ်သည့်အခါ ထိုကွန်ယက်မှပင် ဆက်သွယ်သွားမည်ဟု သူက ဆိုသည်။
လူငယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့မနက် ၉ နာရီမှ ညနေ ၃ နာရီအထိ တံခါးပိတ် ဆွေးနွေးခဲ့ကြရာ လှိုင်သာယာ စက်မှုဇုန် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် စက်ရုံအလုပ်သမ မသီတာက အလုပ်ရှင်၏ ဖိနှိပ်ခေါင်းပုံဖြတ်မှုနှင့် ကျန်းမာရေးဝန်ထမ်း၊ ဥပဒေဝန်ထမ်း လူငယ်များက ၎င်းတို့လုပ်ငန်းခွင်၌ ကြုံတွေ့ရသည့် အာဏာပိုင်များ၏ အကျင့်ပျက်မှု၊ တာဝန်မဲ့မှုများကို တင်ပြဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဒုတိယ ပင်လုံညီလာခံနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား၊ လူငယ်များ နိုင်ငံရေးနှင့် ပတ်သက်ရာတွင် ကြောက်သည့် စိတ်ကို မည်သို့ကျော်လွှားသင့်ကြောင်းနှင့် နိုင်ငံရေးလှုပ်ရှားသူများအပေါ် စစ်အစိုးရ ဖိနှိပ်မှုများကို မည်ကဲ့သို့ ရင်ဆိုင်တုံ့ပြန်သင့်ကြောင်းအပြင် အကြမ်းဖက် တော်လှန်မှုများအကြောင်းနှင့် ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် သဘောထားများကို ဒေါ်အောင်ဆန်းစုကြည်ထံ မေးမြန်းခဲ့သည်။
“လူငယ်တွေရှိမှ အနာဂတ် လုံခြုံမှုရမှာပါ။ လူငယ်တွေက တိုင်းပြည်ရဲ့ နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ရမယ်။ တိုင်းပြည်အတွက် တာဝန်ရှိတယ်လို့ သိနေရင် ကျမတို့ စိတ်ချရပြီပဲ။ အဲဒီလိုသာ အခြေအနေ မရှိခဲ့ရင်တော့ မနက်ဖြန် ဒီမိုကရေစီ ရရင်တောင် စိတ်ချရမယ့် အခြေအနေမျိုး ရှိမှာ မဟုတ်ဘူးတဲ့” ဟု ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ကြောင်း အစည်းအဝေးတက်သည့် လူငယ်တဦးက ပြောသည်။
No comments:
Post a Comment
Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga