ဂျပန်ဝန်ကြီးချုပ် နာအိုတို ခန်း(၀ဲ) နှင့် ဗီယက်နမ်ဝန်ကြီးချုပ် ငုယင် တန်ဒေါင်းတို့ နှစ်နိုင်ငံ သဘောတူညီချက် လက်မှတ်ရေးထိုးနေစဉ်။ အောက်တိုဘာ ၃၁၊ ၂၀၁၀။
ဗီယက်နမ်ကို ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် နာအိုတို ခန်း (Naoto Kan) နဲ့ ဗီယက်နမ် ၀န်ကြီးချုပ် ငုယင် တန်ဒေါင်း (Nguyen Tan Dung) တို့က မိမိတို့နှစ်နိုင်ငံဟာ ဗီယက်နမ်မှာ နျူကလီးယား စွမ်းအင် လျှပ်စစ်ဓာတ်အားပေး စက်ရုံတရုံ တည်ဆောက်ရေး အတူလက်တွဲ လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
ရှားပါးတဲ့ တွင်းထွက် သတ္တုပစ္စည်းတွေ ဗီယက်နမ်ကနေ ထုတ်လုပ်သွားဖို့ ဗီယက်နမ်နဲ့ ဂျပန်တို့ ပူးပေါင်း ဆောင်ရွက်သွားကြမယ်လို့ ဂျပန် ၀န်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။
ဂျပန်နဲ့ ရုရှား ခေါင်းဆောင်တွေ ဟနွိုင်းမြို့တော်က အာဆီယံ ထိပ်သီးညီလာခံနဲ့ ဆက်စပ် ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ဖို့ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။
No comments:
Post a Comment
Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga