Yawng.. hpe.. LAIKA DUM.. kaw.. nna.. Grai.. Kabu.. Gara.. ai.. Myit.. hte.. Hkap.. Tau.. La.. Nga.. ga.. ai,,,,,Welcome.. To.. LAIKA DUM,,,,,We.. Support.. KIO/A***Jiwoi.. Jiwa.. ni.. e.. du..daw.. sai..hkaw.. let.. makawp.. maga.. hkinghtawng.. jaw.. da.. sai.. Chyurum.. ai.. Wunpawng.. Jinghpaw.. sha.. Annau ..Ni.. a ..Dailup Daihpang.. Lamu.. ga ..Ya.. myen.. hpyen.. wa.. Up.. Sha.. nga.. ai ..lu....

Sawk Tam na

Kachin National Anthem

Wednesday, November 17, 2010

တရားဥပဒေအရ ရွေးကောက်ပွဲကို ကူညီတဲ့သဘော

ချင်းမိုင် (မဇ္ဈိမ) ။      ။ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိ ဖော်ထုတ်ပြီး နိုင်ငံတကာကို အသိပေးရန် အခြားနိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်လိုသည်ဟု သပိတ်မှောက်ပါတီ NLD ကပြောသည်။

တသီးပုဂ္ဂလများနှင့် NLD မြို့နယ်ကိုယ်စားလှယ်များထံမှ ရရှိသည့် အခိုင်အမာ အထောက်အထား များကို စုစည်းပြီး သုံးသပ်ချက်နှင့် တွေ့ရှိချက် မူကြမ်းရေးထားပြီဟု မဲမသမာမှု စုံစမ်းရေးအဖွဲ့ ဝင် NLD ဗဟိုကော်မတီဝင် ၉ဝ ရွေးကောက်ခံ လပွတ္တာအမတ် ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

NLD ဘာတွေ တွေ့ရှိထားသနည်း။ မည်သူတွေပါဝင်ပြီး မည်သည့်ပုံစံဖြင့်  စုံစမ်းမှုများပြုလုပ်နေသနည်း စသည်တို့ကို သိနိုင်ရန် မဇ္ဈိမက ဦးကြည်ဝင်းအား မေးမြန်းထားသည်။
--------------------------------------------------------------------------------------
မဲမသမာမှုဖော်ထုတ်ဖို့ ဘာတွေလုပ်နေပြီလဲ။ တခြားပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ရှိလား။

လောလောဆယ် လာပြီးပေးတဲ့ သတင်းရော၊ လာအစစ်ခံတာရော ကြားနာပြီးတော့ မှတ်တမ်းတွေ ယူထားတယ်။ ဒါကို ကျနော်တို့က စိစစ်တဲ့ သဘောပေါ့။ အားလုံးကို ပူးပေါင်းပြီး ဆောင်ရွက်စေချင်တာပေါ့။ ဒေါက်တာစောနိုင်တို့၊ ဦးဝင်းကိုကိုဝင်း တို့လို တသီးပုဂ္ဂလ အမတ်လောင်းတွေ ကိုယ်တိုင် လာအစစ်ခံတယ်။ ပါတီတွေ အနေနဲ့ကတော့ မလာသေးဘူး။ ကမ်းလှမ်းတာရှိတယ်။ သူတို့လဲ သူတို့ဟာ သူတို့ လုပ်မယ်ပေါ့ဗျာ။ ကျနော်တို့ကလဲ အားလုံးကို ကြိုဆိုမှာပဲလေ။



စုံစမ်းဖော်ထုတ်တွေ့ရှိချက်တွေကို ဘာဆက်လုပ်ဖို့ စီစဉ်ထားပါသလဲခင်ဗျာ။ 

ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေဟာ တကယ်ရော နိုင်ငံရေးစင်မြင့်ကိုရသလား။ နိုင်ငံရေး ဆုံးရှုံးမှုတွေ ရသွားသလား။
ကျနော်တို့က တရားစွဲမှာတို့ဘာတို့ မဟုတ်ဘူး။ နိုင်ငံတကာ သိအောင်လို့ လုပ်မှာ။ ဒီရွေး ကောက်ပွဲဟာ တရားမျှတမှု ရှိသလား မရှိဘူးလား။ တရားဝင် ရွေးကောက်ပွဲရော ဖြစ်သွားသလား။ ဒီရွေးကောက်ပွဲကြောင့် နိုင်ငံရေး ဘာဖြစ်သွားသလဲ။ နောက် ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေဟာ တကယ်ရော နိုင်ငံရေး စင်မြင့်ကို ရသလား။ နိုင်ငံရေး ဆုံးရှုံးမှုတွေ ရသွားသလား။ ကျနော်တို့က သုံးသပ်ရမှာပေါ့ဗျာ။ တရားဥပဒေအရ ရွေးကောက်ပွဲကို ကူညီတဲ့သဘောနဲ့ တရားသလား မတရားဘူးလား ကျနော်တို့ မျှမျှတတပဲ သုံးသပ်မှာ။

အခုစုဖွဲ့ထားတာက မဲမသမာမှုစုံစမ်းရေး ကော်မရှင်လား၊ ကော်မတီလား။ ဘယ်သူတွေ ပါဝင်ပါသလဲ။

ကော်မရှင်မဟုတ်ပါဘူး။ အဖွဲ့တွေဘာတွေဖွဲ့တာလည်း မဟုတ်ဘူး။ လူကြီးတွေက ဒီလူဒီလူ လုပ်ဆိုတော့ ဝိုင်းလုပ်တဲ့သဘောပေါ့။ ကျနော်က အဖွဲ့ဝင်ပါပဲ။ ဥက္ကဋ္ဌတို့ အတွင်းရေးမှူးတို့ မထားဘူးဗျာ။ ဘာကြောင့်ဆိုတော့ အသင်းအဖွဲ့ ၆ တွေဘာတွေနဲ့ ငြိမှာစိုးလို့၊ ဦးဝင်းမြင့်၊ ကျနော် လပွတ္တာ ဦးကြည်ဝင်း၊ ဒေါက်တာမျိုးအောင်၊ ဦးစောနိုင်းနိုင်းပါတယ်။ လူငယ်ထဲက ကိုစိုးအောင် ပါတယ်။ စီအီးစီထဲကဆိုရင် ဦးဟန်သာမြင့်ရယ်၊ ဓနုဖြူက ဦးဝင်းမြင့်ပါတယ်။

ကော်မရှင်လဲ ကြံ့ဖွံ့လူပဲ။ ရယကလဲ ကြံ့ဖွံ့လူပဲ။ ကြံ့ဖွံ့ကလဲ ကြံ့ဖွံ့ပဲ။ အဲဒီတော့ တကြိတ်တည်း တကြံတည်း..
တသီးပုဂ္ဂလတွေက ဘယ်လိုထွက်ဆိုပါလဲ။ NLD အဖွဲ့ဝင်တွေဆီကရော ဘာတွေ သိရှိရပါလဲ။

ဒေါက်တာစောနိုင်ဆိုရင် ည ၂ချက်တီးလောက်အထိနိုင်ပြီးတော့ ၉ ရက်နေ့ကျတော့မှ တီဗီထဲမှာ သူရှုံးတယ်ဆိုပြီး ကြေညာလိုက်တာ။ ကော်မရှင်ကို လှမ်းပြောတော့ ကော်မရှင်ကလဲ သူမသိပါဘူးလို့ ပြောတယ်တဲ့။ အဲဒါမျိုးတွေပေါ့ဗျာ။ တော်တော်လေး ပုံပျက်ပန်းပျက်ပါပဲ။

ဒီကိုတက်တာ တိုင်းနဲ့ပြည်နယ်ကဆိုရင် ကယား၊ ချင်းကလွဲလို့ ကျန်တဲ့တိုင်းနဲ့ပြည်နယ် ၁၂ ခု ကိုယ်တိုင် တက်ကြတာ။ ပြည်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေပေါ့။ အစီရင်ခံစာတွေနဲ့ လက်မှတ်တွေနဲ့၊ မဲရုံတွေရဲ့ အခြေအနေတွေ၊ တချို့ဆိုရင်ဗျာ အမှတ် ၂ လျှပ်စစ်ဝန်ကြီးဌာန ညွှန်ကြားရေးမှူးက ဝန်ထမ်းတွေ အကုန်လုံးကို ညွှန်ကြားလွှာ သူ့လက်မှတ်နဲ့ဗျာ။ ညွှန်ကြားထားတာ ကြံ့ခိုင်ရေးကို မဲပေးဖို့။ အဲဒါတွေကအစ ပါတယ်။ စာအမှတ်နဲ့၊ ရက်စွဲနဲ့၊ တံဆိပ်တုံးနဲ့။

ကြိုတင်မဲကလဲ အဆင်သင့် ဆောင်ထား တာဗျ။ သူတို့ ရှုံးသွားရင် ကြိုတင်မဲနဲ့ အနိုင်ယူပစ်လိုက်တာ။ အဲဒါ တပုံစံထဲ။
တွေ့ရှိချက်တွေကို ပြုစုတာ ဘယ်အဆင့် ရောက်သွားပြီလဲခင်ဗျ။ ဘယ်တော့လောက်ထွက်မလဲ။

သုံးသပ်ချက်၊ တွေ့ရှိချက်တွေတော့ ကျနော်ကတော့ အကြမ်းတော့ ရေးပြီးသွားပြီ။ ဒီဥစ္စာက  ဒေါ်စုပြောမှပဲ ထွက်တာ ကောင်းတာပေါ့။

တွေ့ရှိချက်တွေကို အကြမ်းဖျင်း ပြောပြပေးလို့ရမလားခင်ဗျာ။


ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်၊ ရပ်ကွက်ကျေးရွာ ရယက၊ ကော်မရှင် ပေါ့ဗျာ။ အဲဒီ ၃ ခု ပေါင်းချတာပဲဗျ။ လက်ရဲဇက်ရဲပဲဗျာ။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ တုန်းက လက်ရဲဇက်ရဲ လုပ်ရဲသွားသလိုပဲ။ ခုလဲ ကော်မရှင်လဲ ကြံ့ဖွံ့လူပဲ။ ရယကလဲ ကြံ့ဖွံ့လူပဲ။ ကြံ့ဖွံ့ကလဲ ကြံ့ဖွံ့ပဲ။ အဲဒီတော့ တကြိတ်တည်း တကြံတည်း၊ အကြံတူ ဥာဏ်တူ၊ အလုပ်တူ၊ ရည်ရွယ်ချက်တူ။ သူတို့က ရဲလဲ ကြောက်စရာ မလိုဘူး။ ရဲကလဲ သွားတိုင်ရင် မသိချင်ယောင်ဆောင်ပြီးတော့ လက်ဘက်ရည်ဆိုင် သွားထိုင်နေတာ။ အဲဒီတော့ သူတို့ မဲနိုင်အောင် လုပ်ပိုင်ခွင့်ရတဲ့ ပုံစံကတော့ တပြည်လုံး တပုံစံထဲပဲဗျ။

တပုံစံထဲဆိုတာကို နည်းနည်း ထပ်ရှင်းပြပေးပါလားခင်ဗျာ။

တပုံစံထဲဆိုတာက မဲရုံထဲမှာ အဲဒီ ၃ ဖွဲ့ပေါ့ဗျာ။ လျှို့ဝှက်မဲလဲ မဟုတ်တော့ဘူး။ မဲရုံထဲမှာ ဝင်လာတဲ့လူကို သူတို့ကိုယ်တိုင် ဝင်ခြစ်ပေးတာ။ မဲရုံကိုယ်စားလှယ် မရှိတဲ့ နေရာဆိုရင် သူတို့ကိုယ်တိုင်ဝင်လုပ်တာပဲဗျ။ ကိုယ်စားလှယ်ရှိတဲ့ ရုံဆိုရင် နည်းနည်းထိန်းပေမယ့် စကားများတယ်။ နောက် မဲရေတဲ့အခါလဲ လူထုကို မောင်းထုတ်တာတွေဘာတွေ ရှိတယ်။ ကြိုတင်မဲကလဲ အဆင်သင့်ဆောင်ထားတာဗျ။ သူတို့ ရှုံးသွားရင် ကြိုတင်မဲနဲ့ အနိုင်ယူပစ်လိုက်တာ။ အဲဒါ တပုံစံထဲ။  

No comments:

Post a Comment

Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga