ယမန်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ်မှာပင် မြ၀တီမြို့နယ် ရဲစခန်းနှင့် နယ်စပ် ဂိတ်တချို့ကို DKBA တပ်ဖွဲ့ဝင်များက ၀ိုင်းထားခဲ့ခြင်းနှင့် ပတ်သက်၍ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယမန်နေ့ကထက် ပိုမို တင်းမာနေကြောင်း သိရသည်။
မြ၀တီမြို့ခံတဦးက“တံတားထိပ်နဲ့ မြို့လယ်မှာ သေနတ်သံတွေ စကြားနေရတယ်၊ လက်နက်ကြီး အသံတွေတော့ မကြားရ သေးဘူး”ဟု ပြောသည်။
မြ၀တီမှာ တိုက်ပွဲဆက်ဖြစ်
ကရင်ပြည်နယ် မြ၀တီမြို့လယ်တွင် စစ်အစိုးရနှင့် DKBA တို့ တိုက်ပွဲများဖြစ်ပွားနေပြီး မီးလောင်မှုများလည်း ဖြစ်နေကြောင်း သတင်းရရှိသည်။ ဆက်လက်၍ ပစ်ခတ်မှုများရှိနေပြီး ညအချိန်တွင် ပိုဆိုးလာနိုင်ကြောင်း ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်လာသူ တဦး က ပြောသည်
မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတား ထိုင်းဘက်ထိပ်သို့ လက်နက်ကြီးကျည် တလုံး ကျရောက်သည့်အတွက် ထိုင်း အမျိုး သမီး တဦးဒဏ်ရာ ရရှိကြောင်း မျက်မြင် တဦးကပြောသည်။ ယင်းပစ်ခတ်မှုများကြောင့် အနည်းဆုံး ဒေသခံ ၇ ဦး ဒဏ်ရာ ရ
ရှိ ကြောင်းလည်း သိရသည်။
လက်ရှိအခြေအနေအရ မြ၀တီမြို့၏ စစ်ရေးဗျူဟာ အချက်အချာကျသည့် နေရာများတွင် DKBA တပ်ဖွဲ့ဝင်များက နေရာ ယူထားကြောင်း၊ နေ့လယ်ပိုင်းတွင် နအဖ တပ်များက DKBA ကို တိုက်ခိုက်လာနိုင်ကြောင်း သတင်းများအရ သိရသည်။
အလားတူ ဘုရားသုံးဆူမြို့နယ်ရှိ စစ်အစိုးရတပ် ခြေလျင်တပ်ရင်း (ခလရ) ၂၈၄ နှင့် DKBA တပ်များ နှစ်ဘက် တင်းမာနေ ကြောင်း ဒေသခံတဦးက ပြောသည်။
“လက်ရှိ DKBA ကတော့ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ သူတို့နေရာမှာ သူတို့ အသင့်နေရယူ ထားတယ်၊ စစ်အစိုးရတပ်တွေ ကလည်း အသင့်နေရာယူထားတယ်”ဟု ၎င်းက ဆိုသည်။ မြ၀တီမြို့အခြေအနေ ဆိုးရွားလာပါက ဘုရားသုံးဆူမြို့ကိုလည်း ၀င်ရောက် တိုက်ခိုက်နိုင်ကြောင်း ၎င်းက ဆိုသည်။
စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးကမူ ယင်း အစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။
ဗိုလ်မှူးကြီး နှုတ်ခမ်းမွေးသည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် လှုပ်ရှားနေသော တပ်ဖွဲ့ဖြစ် သည်။ ၎င်းတပ်တွင် ခန့်မှန်းခြေ တပ်အင်အား ၁၀၀၀ ခန့် ရှိကြောင်း သိရသည်။
DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲကာ တဖြည်းဖြည်း အင်အား ကြီး မား လာသည့် လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်သည်။
မြဝတီ အစိုးရနေရာများ DKBA ထိန်းချုပ်
မြဝတီမြို့ရှိ အဓိကကျသော အစိုးရရုံးနေရာများကို ဗိုလ်မှူးကြီး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သော DKBA က ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။ နအဖတပ်များကလည်း ပြန်လည်သိမ်းပိုက်ရန် တပ်များစုစည်းနေကြောင်း၊ တိုက်ပွဲများအတွင်း ၇ ယောက်သေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရကြောင်းသိရသည်။ ကြံ့ဖွံ့ပါတီမှ ကိုယ်စားလှယ်တဦး၏ ဖခင်ဖြစ်သူလည်း အသတ်ခံရသည်ဟု ဆိုသည်။
ဘုရားသုံးဆူ အစိုးရ ရုံးတချို့ မီးလောင်
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်တွင် နောက်ဆုံး သတင်းအရ စစ်အစိုးရနှင့် DKBA တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ တပ်သား တချို့ ကျဆုံးခဲ့ပြီး သစ်တောရုံးနှင့် ရဲ အထူးတပ်ဖွဲ့ရုံးများ အပါအ၀င် အစိုးရရုံးများ ယခုအထိ မီး ဆက်လက် လောင်းကျွမ်း နေကြောင်း ဒေသခံတဦးက ပြော သည်။ ဒေသခံများကလည်း DKBA နှင့် စစ်အစိုးရတပ်များ ထပ်မံ တိုက်ပွဲဖြစ် မည်ကို စိုးရိမ်သဖြင့် ထိုင်းနိုင်ငံဘက်နှင့် နီးစပ်ရာ ဆွေမျိုး အသိုင်းအ၀ိုင်းများထံ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။
No comments:
Post a Comment
Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga