Yawng.. hpe.. LAIKA DUM.. kaw.. nna.. Grai.. Kabu.. Gara.. ai.. Myit.. hte.. Hkap.. Tau.. La.. Nga.. ga.. ai,,,,,Welcome.. To.. LAIKA DUM,,,,,We.. Support.. KIO/A***Jiwoi.. Jiwa.. ni.. e.. du..daw.. sai..hkaw.. let.. makawp.. maga.. hkinghtawng.. jaw.. da.. sai.. Chyurum.. ai.. Wunpawng.. Jinghpaw.. sha.. Annau ..Ni.. a ..Dailup Daihpang.. Lamu.. ga ..Ya.. myen.. hpyen.. wa.. Up.. Sha.. nga.. ai ..lu....

Sawk Tam na

Kachin National Anthem

Friday, November 12, 2010

ရွေးကောက်ပွဲ ထောက်ခံသူများ ရလဒ်ကြောင့် စိတ်ပျက်

By နရီလင်းလက်

ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ကြသည့် အတိုက်အခံ အင်အားစုများ အရေးနိမ့်ပြီးနောက် I Vote (မဲပေးရေး) လှုပ်ရှားသူများနှင့် ရွေးကောက်ပွဲ လိုလားသူများ အလွန်အမင်း စိတ်ပျက်နေကြောင်း ရန်ကုန်သတင်းရပ်ကွက်မှ သိရသည်။

“အာဏာပိုင်တွေကို လျှော့တွက်တာ မဟုတ်ပေမယ့် ဒီလို ယုတ်မာအောက်တန်းကျတဲ့ နည်းတွေကို အပြည့်သုံးမယ် မထင်ခဲ့ ဘူး။ ပြည်သူလူထု စိတ်ထဲမှာရော လက်တွေ့မှာပါ ဒီမိုကရေစီ ပါတီတွေကို မဲပေးခဲ့ကြတယ်။ ထောက်ခံခဲ့ကြတယ်။ ဒါကြောင့် လည်း အတိုက်အခံပါတီတွေ အနိုင်ရမယ်လို့ သေချာပေါက် မျှော်လင့်ထားခဲ့တာ”ဟု I Vote လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး အမျိုး သား ဒီမိုကရေစီ အင်အားစု(NDF) ပါတီကို ထောက်ခံမဲ ထည့်ခဲ့သူတဦးက ပြောသည်။

I Voteလှုပ်ရှားမှုကို Myanmar Egress အဖွဲ့မှ ကမကထပြုခဲ့သော်လည်း ရှုံးနိမ့်မှုရလဒ်ကြောင့် Myanmar Egress ၏ ခေါင်းဆောင် “ဇက်ကျိုး” ပြီဟု ၎င်းနှင့်နီးစပ်သော အသိုင်းအ၀န်းက ဆိုသည်။

Myanmar Egress အဖွဲ့သည် NGO အဖွဲ့အစည်းတခုဖြစ်ပြီး NDF ပါတီကို ငွေကြေး ထောက်ပံ့မှုများ ရှိခဲ့သည်ဟု သတင်း များလည်း ထွက်ပေါ်ခဲ့သည်။

Myanmar Egress ၏ အထွေထွေ အတွင်းရေးမှူး ဦးနေဝင်းမောင်သည် Living Color မဂ္ဂဇင်း၊ The Voice Weekly ဂျာနယ်နှင့် Foreign Affair ဂျာနယ်တို့ကို ထုတ်ဝေနေသူလည်း ဖြစ်သည်။

NDF ပါတီသည်  မြန်မာတနိုင်ငံလုံးတွင် ကိုယ်စားလှယ်လောင်း ၁၆၁ ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ရန်ကုန်မြို့တွင် ၁၆ နေရာ အနိုင်ရပြီး ပြည်နယ်နှင့်တိုင်းများအားလုံးတွင် အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်ဟု NDF ပါတီ ခေါင်းဆောင် ဒေါက်တာ သန်းငြိမ်းက ပြောသည်။

တခြား ဒီမိုကရေစီ အင်အားစုတခုဖြစ်သည့် ဒီမိုကရက်တစ် ပါတီ(မြန်မာ)သည်လည်း မဲဆန္ဒနယ် ပေါင်း ၄၀ ကျော်တွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း နောက်ဆုံးမဲရေတွက်မှုအရ နေရာ ၃ နေရာပင် အနိုင်မရရှိသေးကြောင်း သိရသည်။

Myanmar Egress တွင် တက်ရောက်ခဲ့သည့် သင်တန်းသားတဦးက“ကိုယ်တွေရဲ့ သဘောထားကိုပြဖို့ ဖြစ်သလို ပြည်သူ လူထု မဲပေးမှ မဲလိမ်တဲ့ ပြဿနာတွေလျော့မှာ ဆိုပြီး I Vote ကို လုပ်ခဲ့တယ်။ အဓိက ဒီမိုကရေစီ အင်အားစုတွေ အနိုင်ရဖို့ပဲ။ ဒီအတွက်လည်း မျှော်လင့်ချက်ကြီးကြီးနဲ့ သေချာ အစီအစဉ်တွေချပြီး Myanmar Egress ကနေ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သင်တန်းပေးတာတွေတောင် လုပ်ခဲ့တယ်”ဟု ပြောသည်။

ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် လူထု ၇၇ ရာခိုင်နှုန်းက မဲပေးကြလိမ့်မည်ဟု Myanmar Egress အဖွဲ့က ရွေးကောက် ပွဲ မတိုင်မီက ပြောခဲ့ဖူးသည်။

ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ပြည်သူများပါဝင်ရန် တိုက်တွန်းခဲ့ကြသည့် မီဒီယာများနှင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ သည် စစ်အစိုးရ၏ ကစားပွဲတွင် အသုံးချခံများဖြစ်ခဲ့ရသည်ဟု ပြည်တွင်းမှ အယ်ဒီတာတဦးက သုံးသပ်သည်။

“ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီမိုကရေစီ အင်အားစုတွေ တော်တော်အခြေအနေ ကောင်းပါတယ်။ ဒါပေမယ့် အခြေအနေ ကောင်းရုံနဲ့တော့ နိုင်မယ်လို့ သေချာပေါက် ပြောလို့ မရဘူး။ အခြေအနေ ကောင်းနေပြီ၊ အားလုံး မဲထွက်ပေးကြပါလို့ တိုက်တွန်း ခဲ့တဲ့လူတွေ ကွဲတာပေါ့။ ဒီ အစိုးရ လုပ်ချင်တယ်ဆို အရာအားလုံးဖြစ်အောင် နည်းမျိုးစုံသုံး လုပ်သွားလို့ ရတယ် ဆိုတာကို မမေ့သင့်ဘူး”ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ မဲသမာမှုများကို ပြည်တွင်း သတင်းဂျာနယ်များတွင် လွတ်လပ်စွာ ဖော်ပြရေးသားခွင့်မရဘဲ စာပေစိစစ်ရေးက အပုဒ်လိုက်ဖြတ်တောက်ခြင်း၊ စာသားများ ဖြတ်တောက်ပစ်ခြင်းများကို ယခင်ကထက်ဆိုးဝါးစွာ ပြုလုပ်လာခြင်းသည် ဆိုးရွားလှကြောင်း မြန်မာတိုင်မ်းဂျာနယ်မှ သတင်းထောက်တဦးက ပြောသည်။

“သတင်း ၉ ပုဒ်တင်တာ ၉ ပုဒ်စလုံး ဖြုတ်တယ်။ ဆဲဗင်းဒေးဂျာနယ်ဆိုလည်း ရွေးကောက်ပွဲမြင်ကွင်း ရေးထားတာတောင် အကုန်ဖြတ်တောက်ပစ်တယ်။ နဂိုကတည်းက စာပေစိစစ်ရေးက ဖြတ်တောက်မယ်ဆိုတာ သိပေမယ့် အခုကတော့ ပိုတင်းကျပ်လာတဲ့ သဘောမှာရှိနေတယ်”ဟု ၎င်းက ပြောသည်။

ရှုံးနိမ့်သွားသော ဒီမိုကရေစီပါတီများ၏ ယခုရက်ပိုင်းအတွင်းပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲများတွင် ပြည်တွင်း သတင်း ထောက်များ တက်ရောက်ပါက ဖြစ်ပေါ်လာမည့် ကိစ္စရပ်များကို တာဝန်မယူဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောထားကြောင်း၊ ဂျာနယ်များတွင် ရွေးကောက်ပွဲဆိုင်ရာ ရလဒ်များနှင့်ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက်မရရှိဘဲ ထုတ်ပြန်ခြင်း မပြုရန် သတိပေးထားပြီး ရလဒ်ဖော်ပြမိသည့် ပြည်မြန်မာ သတင်းဂျာနယ်ကို ခေါ်ယူသတိပေးခဲ့ကြောင်းလည်း သတင်း ထောက်တဦးက ဆိုသည်။ 

ရွေးကောက်ပွဲကို ထောက်ခံအားပေး၍ မဲပေးရန် တိုက်တွန်းပြောဆိုခဲ့ကြသည့် သတင်းဂျာနယ်အဖွဲ့များတွင်လည်း ထွက်ရှိ လာသော ရွေးကောက်ပွဲရလဒ်ကြောင့် သဘောထားကွဲလွဲမှုများ ဖြစ်နေသည်ဟု သိရသည်။

No comments:

Post a Comment

Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga