Yawng.. hpe.. LAIKA DUM.. kaw.. nna.. Grai.. Kabu.. Gara.. ai.. Myit.. hte.. Hkap.. Tau.. La.. Nga.. ga.. ai,,,,,Welcome.. To.. LAIKA DUM,,,,,We.. Support.. KIO/A***Jiwoi.. Jiwa.. ni.. e.. du..daw.. sai..hkaw.. let.. makawp.. maga.. hkinghtawng.. jaw.. da.. sai.. Chyurum.. ai.. Wunpawng.. Jinghpaw.. sha.. Annau ..Ni.. a ..Dailup Daihpang.. Lamu.. ga ..Ya.. myen.. hpyen.. wa.. Up.. Sha.. nga.. ai ..lu....

Sawk Tam na

Kachin National Anthem

Thursday, December 23, 2010

ဘဏ်သစ် ၄ ခုက ဘဏ်ခွဲပေါင်း ၂၀၀ ခန့် ဖွင့်မည်

ယခုနှစ်အတွင်း ဖွင့်လှစ်လိုက်သည့် ပုဂ္ဂလိက ဘဏ်သစ်များက နိုင်ငံတဝန်း၌ ဘဏ်ခွဲပေါင်း ၂၀၀ ခန့် တိုးချဲ့ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။


AGD_Bank400
နေပြည်တော်ရှိ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်ခွဲ (ဓာတ်ပုံ - Yangon Media Group)
ပုဂ္ဂလိက ဘဏ်သစ် ၄ ခုဖြစ်သည့် ဦးတေဇ၏ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ဦးဇော်ဇော်၏ ဧရာဝတီဘဏ်၊ ဦးနေအောင်၏ ယူနိုက်တက် အမရာဘဏ်၊ ဦးချစ်ခိုင်၏ မြန်မာ့ရှေ့ဆောင်ဘဏ်များကို ယခုနှစ် သြဂုတ်လမှ စတင်၍ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဖွင့်လှစ်ခဲ့သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အဆင့်မြင့် ဝန်ထမ်းတဦးက “ဘဏ်ကြီး ၄ ခုကနေ ဘဏ်ခွဲ ၅၀ စီဖွင့်ဖို့ ဗဟိုဘဏ်မှာ လာလျှောက်ထားတော့  ခွင့်ပြုချက်ရရင် နောက်နှစ်ထဲမှာ ဘဏ်ခွဲသစ်အနေနဲ့  ၂၀၀ ထပ်ထွက်လာမယ်။ အာဏာပိုင်တွေဘက်ကလည်း ခွင့်ပြုပေးဖို့ သေချာနေပါပြီ။ အာဏာပိုင်တွေဘက်က ဒီလိုတွေ ခွင့်ပြုပေးသလို ဘဏ်လုပ်ငန်းရှင်တွေ ဘက်ကလည်း  ပြည်သူတွေ ယုံကြည်မှုရှိအောင်၊ အပ်နှံလာအောင် လုပ်ပြနိုင်ဖို့လိုတယ်” ဟု ပြောသည်။

အဆိုပါ ဘဏ်ခွဲများတွင်  အစိုးရဘဏ်များ၊ တခြားပုဂ္ဂလိက ဘဏ်များနှင့်ပါ ချိတ်ဆက်၍ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သည့် ကွန်ပျူတာဆော့ဖ်ဝဲများ ရေးထားပြီး စမ်းသပ်လုပ်ကိုင်နေကြောင်း သိရသည်။

ဧရာဝတီဘဏ်မှ ၀န်ထမ်းတဦးက “ကျနော်တို့ ဘဏ်ကို ကွန်ပျူတာ ကုမ္ပဏီတခုက ပညာရှင်တွေလာပြီး Online Banking (အင်တာနက် ဘဏ်ဝန်ဆောင်မှု) အတွက် သင်တန်းပေးသွားတယ်။ အဓိက ဘယ်လို အသုံးပြုရမယ်ဆိုတာရယ်၊ စနစ်ကျဖို့ရယ်၊ ဒီလို နည်းပညာအသစ်နဲ့ အကျွမ်းဝင်ဖို့ပေါ့။ သင်တန်းပေးတာ ပြီးသွားပြီ။ ပညာရှင်တွေက ဘဏ်သစ် ၄ ခုမှာ တလှည့်စီ သင်တန်းလိုက်ပေးမှာဆိုတော့ ကျနော်တို့ပြီးရင် မန္တလေးက အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်ကို သွားပေးမယ်ပြောတယ်” ဟု ပြောသည်။

ပထမ အဆင့်အနေနှင့် မြို့ကြီးများတွင် ကနဦး စမ်းသပ်အသုံးပြုမည်ဖြစ်ပြီး ဈေးဝယ်စင်တာကြီးများနှင့် ချိတ်ဆက်ထားကာ ဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်သွားမည်ဟု သိရသည်။

“ဘဏ်ခွဲ ၃၀ ကနေ ၅၀ အထိ ဖွင့်ဖို့ အစကတည်းက ရည်ရွယ်ထားတာရှိတယ်။ အဲဒီအတွက် အခုစပြီး အကောင်အထည်ဖော်တဲ့ အနေနဲ့ ဗဟိုဘဏ်မှာ ဘဏ်ခွဲတွေ ဖွင့်ခွင့်ရဖို့ လျှောက်ထားပြီးပြီ။ Online Banking ရော၊ ATM စက်တွေထားပြီး လည်ပတ်ဖို့ အချိန်ယူပြီး လုပ်နေတာတွေ ရှိတယ်။ တချို့ဟာတွေက စောနေသေလို့ မပြောချင်သေးဘူး” ဟု  မြန်မာ့ရှေ့ဆောင်ဘဏ်မှ ဝန်ထမ်းတဦးက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ၏ အင်တာနက် လိုင်းများသည် ပြတ်တောက်ခြင်း၊ ကျခြင်းများ ရှိနေသောကြောင့် အင်တာနက် ဘဏ်ဝန်ဆောင်မှု လုပ်ကိုင်ရန် အခက်အခဲ ရှိနိုင်သည်ဟု ပညာရှင်များက ပြောသည်။

မြန်မာ့ရှေ့ဆောင်ဘဏ်မှ ဝန်ထမ်းကမူ “မြန်မာပြည်အနေအထားနဲ့  ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာတွေ ပြောနေမယ့်အစား ကျနော်တို့ဘက်က လုပ်ရပ်နဲ့ သက်သေပြသွားမှာပါ။ အခက်အခဲတွေကတော့ အများကြီးရှိမှာပဲ။ ဘဏ်အနေနဲ့ ပြည့်စုံတယ်ဆိုရင်တောင် နိုင်ငံရဲ့ အခြေခံလိုအပ်ချက်  အင်တာနက်လိုင်း နှေးကွေးတာ၊ Data Transfer System အတွက် ဆက်သွယ်ရေးစနစ်၊ ဘဏ်သုံးစွဲမှု အလေ့အထ ဒီလို ချို့ယွင်းချက်တွေကတော့ ရှိနေမှာပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေအရ ဘဏ်သစ်တခု ဖွင့်လှစ်ရန် မတည်ငွေ ကျပ် ၁၀ ဘီလီယံ သတ်မှတ်ထားသည်။

စီးပွားရေး ဆောင်းပါးများ ရေးသားနေသူတဦးက “ဘဏ်တခု ရေရှည် ရပ်တည်ဖို့ ကိုယ့်ဘဏ်က ချေးငွေတွေ တရားလွန် မချေးမိဖို့၊ ကိုယ့်ဘဏ်ထဲမှာ ငွေတွေ ပုံမနေဘဲ ငွေစီးဆင်းမှု လည်ပတ်စေဖို့၊ စီမံခန့်ခွဲနိုင်ဖို့လည်း လိုတယ်။ ဒီအတွက် ဘဏ်တွေမှာလည်း အခုချိန်အထိ ကျွမ်းကျင်တဲ့ ပညာရှင်လုပ်သားတွေ လုံလုံလောက်လောက် မရှိသေးဘူး။ အရေးကြီးဆုံးက ဘဏ်စည်းမျဉ်းစည်းကမ်းတွေကို အပြောင်းအလဲ မကြာခဏလုပ်တာ၊ စနစ်တွေ ခဏခဏ ပြောင်းတာ၊ မူဝါဒတွေ တမျိုးပြီး တမျိုးချတာ ဒါတွေက ဘဏ်လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းလည်ပတ်မှုကို ထိခိုက်စေတယ်” ဟု သုံးသပ်သည်။

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များသည် ငွေစု၊ ငွေချေးလုပ်ငန်းနှင့် ငွေလွှဲလုပ်ငန်းများကို အဓိက လုပ်ဆောင်နေသည်။

မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်မှစ၍ ဒေါက်တာ စိန်မောင်ကို ပထမ ပုဂ္ဂလိကဘဏ်၊ မြန်မာနိုင်ငံတွင် မွေးဖွားသည့် တရုတ်လူမျိုး Mr. Serge Pun ခေါ် ဦးသိန်းဝေကို ရိုးမဘဏ်၊ ဦးအိုက်ထွန်းကို အာရှဓနဘဏ်၊ ဦးကျော်ဝင်းကို မေဖလားဝါးဘဏ်နှင့် တခြားဘဏ်များ ဖြစ်သည့် မြန်မာ ယူနီဗာဆယ်ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ် စသည်ဖြင့် ပုဂ္ဂလိက ဘဏ်လုပ်ငန်းများ လုပ်ပိုင်ခွင့် ပေးခဲ့သည်။

မေဖလားဝါးဘဏ်နှင့် အာရှဓနဘဏ်တို့သည် မူးယစ်ဆေးဝါးလုပ်ငန်းမှ ရရှိသည့် တရားမ၀င် ငွေကြေးများကို ခ၀ါချမှု ပြုလုပ်သည်ဟု အမေရိကန်ပြည်ထောင်စု၏ စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် ၂၀၀၃ ခုနှစ်တွင် စစ်အစိုးရက မေဖလားဝါးဘဏ်၊ အာရှဓနဘဏ် တို့ကို လုပ်ကိုင်ခွင့်ပိတ်ပင်ခဲ့ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ဘဏ်အသစ်များ ဖွင့်လှစ်ခွင့် မပေးတော့ပေ။

စစ်အစိုးရ စစ်တပ်ပိုင် မြ၀တီဘဏ်၊ အင်းဝဘဏ်၊ ရတနာပုံဘဏ်နှင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေးဘဏ်၊ နယ်စပ်စည်ပင်ဘဏ်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံဖြိုးရေး (မွေး/ရေ) ဘဏ်၊ မြန်မာ့ စက်မှုလက်မှုဖွံဖြိုးရေးဘဏ်၊ သမ၀ါယမ ဘဏ် စသည်တို့ကို ပုဂ္ဂလိကဘဏ်များအဖြစ် ဖွင်လှစ်ခဲ့သည်။

လည်ပတ်နေသည့် ပုဂ္ဂလိကဘဏ်ဟောင်းများသည် နိုင်ငံတဝန်းတွင် ဘဏ်ခွဲပေါင်း ၂၄၀ ခန့် ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း Eleven မီဒီယာတွင် ဖော်ပြထားသည်။

No comments:

Post a Comment

Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga