Kachin National Anthem
Showing posts with label Analysis. Show all posts
Showing posts with label Analysis. Show all posts
Wednesday, January 23, 2013
လွှတ်တော် နဲ့ အစိုးရဟာ ပြည်ထောင်စု ပြိုကွဲဘို့ လုပ်နေကြသလား။
လွတ်မြောက်ရေး လှုပ်ရှားမှုများတွင် လူထုသည် မကုန်ခမ်းနိုင်သော စွမ်းအားဖြစ်သည်။ လူထုထံမှ သင်ကြားလေ့လာ စရာများ များစွာရှိပါသည်။ သို့ရာတွင် မျက်မှောက်အချိန်၌ နိုင်ငံရေးခေါင်းဆောင်က လူထုကိုဟိုဟာမလုပ်နဲ့၊ သည်လို လုပ်ပါ၊ ဟူ၍သာ သင်ကြားပို့ချ၊ လမ်းညွှန်ချက်ပေးနေကြ သည်ကများလွန်းနေသည်။ လူထု ထံမှ သင်ကြားလေ့လာ ရန်၊ လူထု၏ သဘောထားအမြင် များကို အလေးထားစု ဆောင်းရန်၊ လူထုကို လေးစားကြောင်း လက်တွေ့ပြသရန် တို့ မှာ နည်းလွန်းလှသည်။ မိမိလုပ်သည့် လုပ်ငန်း နှင့် စပ်လျှဉ်း၍ လူထုအား တန်ဘိုးထားကာ ရှင်းလင်းပြောပြရန်မကြိုး စားတော့ဘဲ “ လူတိုင်းကြိုက်အောင် မလုပ်နိုင် ဘူး၊” “ မကြေနပ်ရင်လဲကိစ္စ မရှိဘူး။” ဟု မာကြောစွာ တုန့်ပြန်ကာ ခေါင်းဆောင်ကို အဓိကထား သည့် နိုင်ငံရေးလုပ်ဟန် ပေါ်လာသည်ကို ၀မ်းနည်းဘွယ်တွေ့ရ သည်။
Saturday, January 19, 2013
ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဘန် သုံးသပ်ခြင်း ။ အပိုင်း (၅)
By Aung Htoo
၂၀၁၃ ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် အစိုးရစစ်တပ်က လိုင်ဇာမြို့ကို လက်နက်ကြီးများနှင့် ပစ်ခတ်သဖြင့် အရပ်သား လူထုများ သေကြေဒဏ်ရာရပြီးနောက် နိုင်ငံတကာမှ အမြန်ဆုံးတုန့်ပြန်သူမှာ ဗြိတိသျှပါလီမန်ဖြစ်သည်။ ထိုနေ့မှာပင် ပါလီမန်အတွင်း ချက်ခြင်းအစည်းအဝေးခေါ်မေးမြန်းမှုများပြုကာ နှစ်ဖက်ကြားနိုင်ငံရေးဆွေးနွေးမှုများ အမြန်ဆုံး လုပ် ဆောင်ရန်၊ အရပ်သားများ သေကြေသည်အထိ စစ်ဆင်တိုက်ခိုက်မှုများဆက်လုပ်နေပါက ဥရောပ သမဂ္ဂမှ ဆိုင်းငံထား ခဲ့သည့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုကို ပြန်လည်သုံးသပ်နိုင်ကြောင်း ဖိအားပေးခဲ့သည်။
ဇန်န၀ါရီလ (၁၅)ရက်နေ့တွင် ဥရောပသမဂ္ဂကလည်း လိုင်ဇာတွင် အရပ်သားလူထုများသေကြေဒဏ်ရာ ရမှုများကို ထောက်ပြပြီး စစ်ဆင်နေမှုများ ကိုရပ်ဆိုင်းရန်၊ စစ်ဘေးဒုက္ခသည်များအနေဖြင့် လူသားချင်းစာနာသည့် အကူအညီများ အဟန့်အတားမရှိ ရနိုင်ရေး ကို အရေးတကြီးဆောင်ရွက်ရန် ထုတ်ပြန်ခဲ့သည်။
Wednesday, January 16, 2013
Namnak n rawng,shingkang n nga ai Slg Thein Sein a matsun laika
Namnak n rawng,shingkang n nga ai Slg Thein Sein a Hpyen dap de maning matsun ai order laika pa re da ,Hpyen masa lam chye ai Hpyen hte mung masa la dinglik ai masha ni a ningmu yu jut gaw ndai hku da
၁။ စစ်ဖက်နီးစပ်သူများက KIA အား တပ်မတော်မှ ဆက်လက်ချီတက်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမပြုရန်၊ သမ္မတရုံးရဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် နေ့စွဲပါ စာအမှတ် (၁(၁)/၇/သမ္မတရုံး) ဖြင့် အကြောင်းကြားခဲ့ရာမှာ သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့အကြား သဘောထား ကွဲလွဲမှုဖြစ်ပေါ်ခဲ့ရတယ်လို့ သတင်းပေးပို့လာပါတယ်။ အဲ့ဒီစာ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် တပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း တို့ဟာ ဖိုင်ကိုယ်စီ ကိုင်ပြီး ခြေသံပြင်းပြင်းနဲ့ သမ္မတ ရုံးခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့တယ်လို့ သိရှိရပါတယ်။ သမ္မတရုံးရဲ့ မူရင်းစာမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Tuesday, January 15, 2013
ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း - အပိုင်း (၁ - ၄)
အောင်ထူး(ရှေ့နေ)
ဇန်န၀ါရီလ ၇ ရက် ၂၀၁၃ ခုနှစ်
ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအား ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဥပဒေစိုးမိုးရေး အခြေခံများမှ ဝေဖန်သုံးသပ်ခြင်း - အပိုင်း (၁)
စာရေးသူသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်အရ မဆက်ဆံခဲ့ဖူးသော်လည်း ယုံကြည်ချက်အတွက် သူမ၏ စွန့်လွှတ်အနစ်နာခံခဲ့မှုများအား လေးစားအသိအမှတ်ပြုသူဖြစ်သည်။ ကမ္ဘာသိခေါင်းဆောင်တဦး ပေါ်လာပြီဟူ၍ သူမအတွက် ဂုဏ်ယူသူများအနက်တွင်လည်း တဦးအဖြစ် ပါဝင်သည်။ မိမိအနေဖြင့် မီဒီယာများတွင် အကြောင်းအမျိုးမျိုးဖြင့် အကြိမ်ပေါင်းများစွာ ပြောဆို၊ ရေးသားခဲ့ဖူးသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် စပ်လျဉ်း၍ တကြိမ်မျှ မဝေဖန်ခဲ့ဖူးပါ။ ဘီဘီစီသို့ ယခု ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်တွင် ပေးခဲ့သော အင်တာဗျူးတွင်မူ ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်ချင်သည်ဟူသော ပြောဆိုချက်နှင့် စပ်လျဉ်း၍ အနည်းငယ် စတင်ထောက်ပြခဲ့သည်။ အင်တာဗျူးကို ဤတွင် နားဆင်ပါ။
Monday, December 31, 2012
As Burma Turns West, China Looks North By ECHO HUI / THE IRRAWADDY| December 28, 2012 |
Even though Burma has insisted that its fast-improving relationship
with the United States will not come at the expense of ties with its
huge neighbor to the north, China doesn’t seem to see it that way.
Wednesday, November 21, 2012
Obama Must See the Dark Side of Burma’s ‘Reforms’
By Maung Zarni
In two days, US President Barack Obama is scheduled to make a brief visit to Burma, Asia’s hottest destination. While there, he should look beneath the surface and try to see the ugly realities of the country’s reforms and hear the cries of the wretched of Burma, such as the Muslim Rohingyas and the Christian Kachins.

Sunday, September 9, 2012
Monday, June 18, 2012
မဟာအကြမ်းဖက်မှု အဖွဲ့ကို ဝိကလီက ဖွင့်ချပြီ -သစ်ကို (အမေရိကန်)-
Trap of Burmese Cronies, Time to Reverse Our Ruined Arcadia.
Wikileaks မှ ပြောသည့် ရိုဟင်ဂျာ များနှင့် Al Qaeda ၊ မြန်မာ သောင်းကျန်သူများ အဆက်အသွယ် ရှိခြင်း
by James Mmt on Wednesday, October 19, 2011 at 10:49pm ·
အကျဉ်းရုံးအနေဖြင့် - ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဖိအားပေးမှုကြောင့် ARNO ဟာ သူတို့အဖွဲ့အစည်းနေရာအား ကရင်နီ အဖွဲ့အစည်းဖြစ်တဲ့ KNPP ထိမ်းချုပ်ထားသည့် ထိုင်း-မြန်မာ နယ်မြေအတွင်းသို့ ပြောင်းရွှေ့ရန်အတွက် 2002 သြဂုတ်လနှောင်းပိုင်းမှာ ဆက်သွယ်ခဲ့ပါတယ်။ မြန်မာထောက်လှမ်းရေးဘက်က အစီရင်ခံစာအရ ARNO ဟာ ထိုင်း-မြန်မာနယ်စပ်မှာ လှုပ်ရှားနေသည့် Democratic Alliance of Burma နှင့် အဖွဲ့ဝင်ဖြစ်ရန် ကြိုးပန်းခဲ့ပါတယ်။ KNPP ဟာ ARNO ရဲ့ ဆက်သွယ်ချက်ကို ငြင်းပယ်ခဲ့တာကို ကြေငြာခဲ့ပါတယ်။ DAB ဟာလည်းပဲ ARNO ၏ အဖွဲ့ဝင်အဖြစ် လျှောက်လွှာအား ငြင်းပယ်ခဲ့ပြီး စာရွက်စာတန်းများအရ စစ်ရေးမဟာမိတ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ARNO ဥက္ကဌ Nurul Islam ဟာ အမေရိကန်ဗီဇာအား ဆော်ဒီအာရေးဗျ ဘက်မှ လှည့်ပါတ်လျှောက်ထားခြင်းဖြင့် ရယူခဲ့တယ်လို့ မြန်မာဘက်ကလည်း သတင်းပို့ပါတယ်။ အဆိုပါကိစ္စမှာ မြန်မာပြည်ဘက်က အစီရင်ခံစာဟာ ဖြစ်နိုင်ချေရှိပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ဟာ ၎င်းတို့ ARNO နှင့် ထိုင်းနယ်စပ်တွင်ရှိသည့် မြန်မာသောင်းကျန်းသူများအား ပံ့ပိုးနေသည့် Al Qaeda နှင့် အဆက်အသွယ် ရယူရန် ရည်ရွယ်ရင်းဖြစ်နိုင်ပါတယ်။

ရိုဟင်ဂျာ၊ အနောက်ကမ္ဘာ၏ ပစ်ဖဲနှင့် မြန်မာအတွက် Sensitive Area မောင်တော -မျိုးဆက်
ကျနော့်ရင်တွေပူနေပါတယ်။ ကျနော်အခု ထိုင်နေသောနေရာတွင် အေးစက်နေသော မိုးရေများ ကျဆင်းနေပါသည်။ သို့သော် မိုင်ပေါင်းထောင်နှင့်ချီ၍ ဝေးသော အမိမြန်မာနိုင်ငံမှ ရခိုင်ဒေသအတွက် အများကြီးစိတ်ပူနေပါသည်။
ဘင်္ဂလားများဘာကြောင့် ဒီလို ထကြွသောင်းကျန်းရသနည်း။ အသတ်ခံရသော မွတ်စလင်ဆယ်ဦးကိုယ်စား မကျေနပ်၍ လား။ ကျနော်ကတော့ ဤမျှ ရိုးစင်းမည်မထင်ပါ။

ဘင်္ဂလားများဘာကြောင့် ဒီလို ထကြွသောင်းကျန်းရသနည်း။ အသတ်ခံရသော မွတ်စလင်ဆယ်ဦးကိုယ်စား မကျေနပ်၍ လား။ ကျနော်ကတော့ ဤမျှ ရိုးစင်းမည်မထင်ပါ။
Monday, May 7, 2012
မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်ဖို့ ဘာကြောင့် အရေးကြီးသလဲ
မကြာခင်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို လာသွားတဲ့အခါ ထူးခြားမှုတစ်ခုကတော့၊ ကုလသမဂ္ဂ စာရင်းအင်းကော်မရှင် (UNSC)၊ ကုလ လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA) တို့ရဲ့ အကူအညီနဲ့ လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံတ၀ှမ်း သန်ခေါင်းစာရင်း ကောက်ယူနိုင်တော့မယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။
မြန်မာ့သမိုင်းကိုကြည့်ရင် ညောင်ရမ်းခေတ်မှာ သာလွန်မင်း သန်းခေါင်စာရင်း ကောက်ဖူးတယ် ဆိုတာကလွဲလို့၊ သူ့အရင်ကော နောက်နောင်မင်းတွေလက်ထက်မှာပါ တိုင်းပြည်လူဦးရေကိစ္စ စိတ်ဝင်စားပုံ မရှိခဲ့ပါဘူး။ ဒါတောင် သာလွန်မင်း ကောက်ခဲ့တဲ့ လူဦးရေစာရင်း ဘယ်ရွေ့ဘယ်မျှဆိုတဲ့ မှတ်တမ်းအတိအကျကို မတွေ့ရပါဘူး။ အခြားတိုင်းရင်းသားဒေသတွေရဲ့ လူဦးရေဆိုတာလည်း သက်ဆိုင်ရာ ဒေသအုပ်ချုပ်သူတွေ ကောက်ယူခဲ့တာ မကြားဖူးသလို၊ ဗမာမင်းတွေလည်း စိတ်မ၀င်စားခဲ့ပါဘူး။
Tuesday, March 27, 2012
မျက်မှောက်နိုင်ငံရေးအပေါ်ရှုမြင်ခြင်း
ဗမာပြည်နိုင်ငံရေးမှာ တကယ်အပြောင်းအလဲ ဖြစ်ဖို့ အခြေတည်နေသလား သို့မဟုတ် အစပြုနေပြီလား၊ တချို့ရဲ့အမြင် မှာ အပြောင်းအလဲတောင်စတင်ဖြစ်နေပြီလို့ မြင်နေကြသလို၊ တချို့ကလည်း စစ်စစ်မှန်မှန်ပြောင်းလဲမှု မဟုတ်သေးဘူး လို့ သုံးသပ်ကြပါတယ်။ နိုင်ငံရေးရဲ့ သဘောသဘာဝအရ အမြင်အမျိုးမျိုးဟာ ရှုမြင်ပုံအမျိုးမျိုးကြောင့်ကွဲပြားနိုင်ပါတယ်။
Thursday, January 26, 2012
ကလေးတွေ ဘယ်အရွယ်မှာ ငွေအကြောင်း ဘယ်လောက် သိထားသင့်လဲ
သမ္မတအိုဘားမားရဲ့ ညွန်ကြားချက်အရ သူရဲ့ ငွေကြေးနဲ့ ဘဏ္ဍာရေး ထိပ်တန်းအကြံပေးအဖွဲ့က ကလေးတွေ ဘယ်အသက်အရွယ်မှာ ငွေနဲ့ပတ်သက်ပြီး ဘယ်လောာက် သိထားသင့်တယ်၊ ဘယ်အရွယ်မှာ ငွေကို ဘယ်လို စသုံးသင့်တယ် ဆိုတာကို ၁၈ လကြာ သုတေသန လုပ်ခဲ့ကြပါတယ်။
အဓိကရည်ရွယ်ချက်ကတော့ ငွေကြောင့် မကောင်းတဲ့ အကျင့်စရိုက်ဆိုးတွေ မဖြစ်အောင် ငယ်စဉ်ကတည်းက တားမြစ်ဖို့၊ ကမ္ဘာ့ငွေကြေးနှုန်းတွေနဲ့ လည်ပတ်ပုံကို တစ်ဦးချင်း သိရှိစေဖို့၊ နေ့စဉ် သွားတိုက်ရသလိုမျိုး နေ့စဉ် ငွေစုဆောင်းတတ်အောင် ကလေးတွေကို သင်ကြားပေးဖို့ ဖြစ်ပါတယ်။ အမေရိကန် စီးပွားရေး နာလည်ထဖို့နဲ့ ဗုန်းပေါလအော သုံးတတ်တဲ့ လူ့အဖွဲ့အစည်းရဲ့ အကျင့်ကို ဖျောက်ဖို့ သမ္မတက ရည်ရွယ်ခြင်း ဖြစ်ပါတယ်။

Monday, January 16, 2012
- “၀ိုးတ၀ါးရာသီ..နဲ့…ခရီးရှည်”
..မောင်ချင့်ချိန်
-၁၆-၁ -၂၀၁၂
ရှစ်လေးလုံးအရေးတော်ပုံကို စစ်တပ်နဲ့နှိမ်နှင်း အာဏာသိမ်းခဲ့ကထဲက မတရား ဖမ်းဆီးခံခဲ့ရပြီး ၂၃နှစ်ကျော် ထောင်ချခံ ထားခဲ့ရာကနေ လွတ်မြောက်လာတဲ့ မြင်းခြံဆရာတော်ဦးသုန္ဒရရုပ်ပုံကို ဒေါက်တာလွဏ်းဘလော့မှာဖူးမြင်လိုက်ရတော့ ထောင်ထဲမှာအတူတိုက်ပိတ်ခံရ စဉ်က ဆရာတော်ရွတ်ပြခဲ့တဲ့ ကဗျာတပုဒ်ကို ပြန်သတိရမိပါတယ် ။
အဲဒီတုန်းက ညနေဘက်ထောင်ပိတ်ပြီးသွားရင် တခန်းနဲ့တခန်း သီချင်းတွေ ၊ ကဗျာတွေ ဆိုပြရွတ်ပြကြပြီး ပျင်းရိငြီးငွေ့စရာ အချိန်တွေကို ကျော်ဖြတ်ကြပါတယ် ။

Saturday, January 14, 2012
နိုင်ငံရေးပိုင်သူကို မျှော်လင့်နိုင်ပါပြီ
..ဦးဖိုးသာအောင်--၁၀-၁ -၂၀၁၂
ကြက်ဥအရောင်တိမ်တောင်သဖွယ် မင်းရေးကြယ်၏တဲ့၊
နိုင်ငံရေးဆိုတာ အလွန်ကျယ်ဝန်းလှပါတယ်၊ ဒါကြောင့်လည်း ဆရာမောင်သာနိုးက ၂၀၁၀ ခု ဒီဇင်ဘာလမှာ “ နိုင်ငံရေး ပိုင်သူရှားပါး ” ဆိုတဲ့ ဆောင်းပါးကို ရေးသားထားတာကို ဖတ်လိုက်ရပါတယ်၊
ဆရာရဲ့ဆောင်းပါးကို ဖတ်ပြီး စိတ်ထဲမှာ မကောင်းဖြစ်မိပါတယ်၊ မြန်မာနိုင်ငံကြီးဟာ စုတ်ပြတ်မွဲတေသွားပြီး လူတွေလည်း စာရိတ္ထတွေ ပျက်ပြားကာ ပညာမဲ့တွေ ဖြစ်ကုန်ကြရပါတယ်၊
အဲဒီအရှိတရားအတိုင်း လက်ခံသုံးသပ်ကြည့်တဲ့အခါ မြန်မာနိုင်ငံမှာ “ နိုင်ငံရေးပိုင်သူ ” တနည်းအားဖြင့် “ နိုင်ငံရေးနားလည်သူ ” ရှားပါတယ် ဆိုတာကိုတော့ ထောက်ခံရမှာ အမှန်ပါပဲ။

Thursday, November 3, 2011
- ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ
ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်
အများပြည်သူက ရွေးကောက် တင်မြှောက်ထားသည့် အစိုးရဟု မိမိကိုယ်ကိုယ် တွင်တွင် ကြော်ငြာနေသော ကြံ့ဖွံ့ အစိုးရနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကြား နိုင်ငံရေး စစ်တုရင် ကစားပွဲမှာ ယခုအခါ အတော်ပင် ဇာတ်ရှိန်တက် နေ လေပြီ။

Wednesday, November 2, 2011
တိုင်းရင်းသားအရေး မမေ့သင့်ပြီ
ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုး အင်အားကြီးငယ် လူမျိုးစုပေါင်း ရာကျော်နှင့် စုပေါင်းဖွဲ့စည်း တည်ထောင်ထား သော နိုင်ငံတနိုင်ငံ ဆိုသည်ကို အထူးပြောစရာ လိုမည်မထင်ပါ။
လိုင်ဇာဌာနချုပ်မှ ရှေ့တန်း စစ်မြေပြင်သို့ ထွက်ခွာသွားနေသော KIA တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ - Jinghpaw Kasa Blog)
Wednesday, August 3, 2011
Laiza—The Heartland of the Kachin Rebels
By BA KAUNG
While it is well reported that the Kachin towns in northeast Burma have heavy Chinese influences, I was not expecting that the Chinese side of the border would have such prominent Kachin scenes.
We were en route to Laiza through Yunnan Province, and as our car broke through the thick mountain fog after countless hairpin bends, a small but unmistakably Kachin village came into view—I saw Kachin women carrying bamboo baskets along the street, farmers steering motorcycles connected to 10-foot long carts laden with vegetables.

Friday, April 15, 2011
အရေးပါသော ပုဂ္ဂိုလ်များ၏ လုံခြုံရေးအား အနီးကပ် ကာကွယ်စောင့်ရှောက်ခြင်း (ခင်မမမျိုး )
အရေးပါသော ပုဂ္ဂိုလ်များ၏ လုံခြုံရေးအား အနီးကပ် ကာကွယ်စောင့်ရှောက်ခြင်း (ခင်မမမျိုး )
နိဒါန်း
ပဋိပက္ခဖြေရှင်းရေး၊ အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက်ရေးဆိုင်ရာ သင်တန်းတွေမှာ ကာကွယ် စောင့်ရှောက်ခြင်းနဲ့ ပတ်သက်ပြီး ဘာသာရပ်နှစ်မျိုးကို သင်ကြားလေ့ရှိပါတယ်။ ပထမတမျိုးက Critical Infrastructure Protection ဖြစ်ပြီး၊ ဒုတိယတမျိုးကတော့ close protection ဖြစ်ပါတယ်။ လူတဦးတယောက် (သို့မဟုတ်) အုပ်စုတခုကို အနီးကပ် ကာကွယ်စောင့်ရှောက်ရတဲ့အခါမှာ စောင့်ရှောက်ခံရသူ (သို့မဟုတ်) အုပ်စုတခုမှာ အရေးပါတဲ့ပုဂ္ဂိုလ် (Very Important Person- VIP) တွေ ပါဝင်နေတတ်ပါတယ်။ ဒါကြောင့်လဲ VIP/ Close Protection လို့ လုံခြုံရေးလောကမှာ ခေါ်ဝေါ်သုံးနှုံးပါတယ်။

Thursday, March 3, 2011
လက်နက်ကိုင်အင်အားစုများပြည်ပရောက်ဒီမိုကရေစီအင်အားစုများပူးပေါင်းလုပ် ဆောင်ရမည့် အလုပ်သင့် ဆုံးအလုပ် မှာ...
တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးသည် တပ်ပေါင်းစုများဖွဲ့ပြီး နိုင်ငံရေးအရ ပူးပေါင်းလုပ်ဆောင်မှုများသာ အတိက်ကရှိခဲ့ပေသည်။
National Democratic Front (NDF) သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တပ်ပေါင်းစုဖြစ်သည်။

Democratic Alliance of Burma (DAB) ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်ကြီး (မဒတ) သည် တိုင်းရင်းသား တပ်ပေါင်းစု NDF နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အပါအဝင် မြန်မာအဖွဲ့အစည်းများပါဝင်သည့် ပိုမိုကျယ်ပြန့်သည့် တပ်ပေါင်း စုတခု ABSDF ဖွဲ့စည်းပြီး ရှေးမနှောင်း ခင် ပေါ်ပေါက် လာခဲ့သော အဖွဲ့ကြီးဖြစ်သည်။

Wednesday, February 9, 2011
တရုတ် စစ်အင်အားက အန္တရာယ် ရှိလာပြီလား - အပိုင်း (၂)
ဘိုဘိုကျော်ငြိမ်း |
အမေရိကန်ရေတပ် တည်ဆောက်ပုံ
အမေရိကန်ရေတပ်တည်ဆောက်ပုံက ရှုပ်ထွေးပါတယ်။ အမေရိကန် စစ်ရေးအတွေးအခေါ်က စစ် (၂) ခုကို တပြိုင်ထဲတိုက်နိုင်ရမယ်ဆိုတဲ့ အတွေးအခေါ်ဖြစ်တဲ့အတွက် သူ့ရဲ့ရေတပ်ကို အတ္တလန်တစ်အုပ်စု Atlantic Fleet (Norfolk, Virginia) နဲ့ ပစိဖိတ်အုပ်စု Pacific Fleet (Pearl Harbour, Hawaii) ဆိုပြီး ခွဲထားပါတယ်။ ပြီးမှတခါ နံပါတ်တပ်ခေါ်တဲ့ Numbered Fleets ဆိုပြီး ကမ္ဘာကြီးရဲ့ ပထဝီအနေအထားရ လိုအပ်သလို ဖွဲ့ထားပြန်တယ်။ ဥပမာ အာရှ အတွက် 7th Fleet အမှတ် (၇) ရေတပ်မတော်၊ ဥရောပအတွက် 6th Fleet အမှတ် (၆) ရေတပ်မတော်။ အခုလိုအပ်လာလို့ 5th Fleet အမှတ် (၅) ရေတပ်မတော် ကို ဘာရိန်းမှာ ပြန်ထားတယ်။ နောက်ဆုံး 4th Fleet အမှတ် (၄) ရေတပ်မတော်ကို တောင်အမေရိက (Latin America) အတွက် ၂ဝဝ၈/၂ဝဝ၉ ကပြန်ဖွဲ့ခဲ့ပါတယ်။ ဒီ နံပါတ် ရေတပ်မတော်တွေက လှုပ်ရှားနေရတဲ့ ရှေ့ပြေးရေတပ်တွေ ဖြစ်တယ်။ ဥပမာ 5th Fleet အမှတ် (၅) ရေတပ်မတော်ဟာ သူ့နယ်မြေအောက်မှာရှိတဲ့ အိန္ဒိယ သမုဒ္ဒရာမှာ ကင်းလှည့်ရတယ်။ လိုအပ်တဲ့ သင်္ဘောနဲ့ ရေတပ်သားတွေကို အတ္တလန်တိတ်အုပ်စုနဲ့ ပစိဖိတ်အုပ်စုက Atlantic Fleet နဲ့ Pacific Fleet က အလှည့်ကျ ပို့ပေးရတယ်။ အမှတ် (၂) ရေတပ်မတော် က ဗာဂျီးနီးယားမှာရှိပြီး အတ္တလန်တိတ်သမုဒ္ဒရာ တောက်လျောက် မြောက်ကနေတောင်အထိ တာဝန်ရှိတယ်။ အမှတ် (၃) ရေတပ်မတော် ကယ်လီဖိုးနီးယားပြည်နယ် စင်ဒီရေးဂိုးမှာ ရှိတယ်။ အဝေးရောက် အမှတ်စဉ်နဲ့ ရေတပ်မတော်တွေက တကယ်ကင်းလှည့်ပြီး ရန်သူနဲ့ရင်ဆိုင်ရတဲ့ တိုက်ခိုက်ရေး တပ်တွေ၊ ဒီတပ်တွေ တိုက်ရည်ခိုက်ရည်ရှိအောင် ထောက်ပံ့ရေး Logistic နဲ့ ခဲယမ်းလက်နက် အပိုပစ္စည်းတွေ ပြည့်စုံအောင် အတ္တလန်တိတ်နဲ့ ပစိဖိတ်အုပ်စုတွေက တာဝန်ယူကြရပါတယ်။ ဥပမာ Shore Commanders ကမ်းခြေစစ်စခန်းမှူး တွေရှိပါတယ်။သူတို့က ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရတာပါ။
Subscribe to:
Posts (Atom)