Yawng.. hpe.. LAIKA DUM.. kaw.. nna.. Grai.. Kabu.. Gara.. ai.. Myit.. hte.. Hkap.. Tau.. La.. Nga.. ga.. ai,,,,,Welcome.. To.. LAIKA DUM,,,,,We.. Support.. KIO/A***Jiwoi.. Jiwa.. ni.. e.. du..daw.. sai..hkaw.. let.. makawp.. maga.. hkinghtawng.. jaw.. da.. sai.. Chyurum.. ai.. Wunpawng.. Jinghpaw.. sha.. Annau ..Ni.. a ..Dailup Daihpang.. Lamu.. ga ..Ya.. myen.. hpyen.. wa.. Up.. Sha.. nga.. ai ..lu....

Sawk Tam na

Kachin National Anthem

Friday, November 5, 2010

တစ်နိုင်ငံလုံးရှိ ခယက ဥက္ကဋ္ဌများ ပြောင်းရွှေ့၊ ရွေးကောက်ပွဲ အပြီး အစိုးရသစ်၌ ပါမည်

ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် အစိုးရသစ်၌ တာဝန်ထမ်းဆောင်ရန် နိုင်ငံတစ်ဝန်းရှိ ခရိုင်အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ (ခယက) ဥက္ကဋ္ဌများအား လက်ရှိရာထူးမှ ပြောင်းရွှေ့မိန့်ထုတ်ပြန်လိုက်ကြောင်း စုံစမ်း သိရသည်။

နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်သည့် အမိန့်စာတွင် နိုင်ငံတစ်ဝန်းရှိ ခရိုင် ၆၈ ခုမှ ခယကဥက္ကဋ္ဌ ၆၈ ဦး အနက် ၅၀ ၀န်းကျင် ခန့် ပြောင်းရွေ့ရမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက် သတင်းရပ်ကွက်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။


ယခုပြောင်းရွှေ့မည့် ခယကဥက္ကဋ္ဌများသည် အစိုးရသစ် ၀န်ကြီးချုပ်ရုံးအဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် နေပြည်တော်သို့ ထွက်ခွာ ရမည်ဖြစ်ပြီး လစ်လပ်သွားသည့် နေရာများ၌ စစ်တပ်မှ ဒုတိယ ဗိုလ်မှူးကြီးအဆင့်ရှိသူများ အစားထိုးဝင် ရောက် မည် ဖြစ်သည်။

“တနင်္လာနေ့က အမိန့်ထုတ်တာပေါ့ ပြောင်းတာကတော့ရွေးကောက်ပွဲပြီးမှ ပြောင်းကြမယ်၊ အစားဝင်မဲ့ သူတွေတော့ ရောက် နေပြီ ရာထူးတက်တာလည်း မဟုတ်ဘူး ကျတာလည်းမဟုတ်ဘူးပေါ့ နောက်တက်လာမဲ့ ၀န်ကြီးချုပ်ရုံးအဖွဲ့မှာ တာဝန်ထမ်း ရမှာ” ဟု သူကပြောသည်။

ယခုပြောင်းရွေ့ရမည့် အထဲတွင် သျှမ်းပြည်(မြောက်ပိုင်း) မူစယ်ခရိုင် ခယက ဥက္ကဋ္ဌ ဦးထွန်းမင်းဇော် ပါဝင်ပြီး ၄င်း၏နေရာ တွင် အစားထိုးရန် ဒုတိယဗိုလ်မှူးကြီး မိုးဟိန်း ရောက်ရှိနေပြီ ဖြစ်ကြောင်း မူစယ်အာဏာပိုင် သတင်းရပ်ကွက်က အတည် ပြု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲအပြီး ပြည်ထောင်စုလွတ်တော်အစည်းအဝေး စတင်ခေါ်ယူကျင်းပသည့် ရက်၌အာဏာ တည်မည်ဟု ပြဋ္ဌာန်းထားသော်လည်း ယခုရွေးကောက်ပွဲရလဒ် မထွက်ပေါ်မီ လာမည့် အစိုးရ ယန္တရားအတွက် နအဖက ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။

No comments:

Post a Comment

Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga