Yawng.. hpe.. LAIKA DUM.. kaw.. nna.. Grai.. Kabu.. Gara.. ai.. Myit.. hte.. Hkap.. Tau.. La.. Nga.. ga.. ai,,,,,Welcome.. To.. LAIKA DUM,,,,,We.. Support.. KIO/A***Jiwoi.. Jiwa.. ni.. e.. du..daw.. sai..hkaw.. let.. makawp.. maga.. hkinghtawng.. jaw.. da.. sai.. Chyurum.. ai.. Wunpawng.. Jinghpaw.. sha.. Annau ..Ni.. a ..Dailup Daihpang.. Lamu.. ga ..Ya.. myen.. hpyen.. wa.. Up.. Sha.. nga.. ai ..lu....

Sawk Tam na

Kachin National Anthem

Friday, November 5, 2010

ဝေဖန်တာကို မခံနိုင်ရင်-နိုင်ငံရေးမလုပ်နဲ့ 

By Hittai

မြန်မာနိုင်ငံတော်ကြီး-အနာအစာတွေ ထူပြောလွန်းတော့  အနာထပိဏ်လို့ ခေါ်တွင်နိုင်တဲ့ မြန်မာနိုင်ငံ ဖြစ်နေပြီ၊
သူတောင်းစားအဝတ်ထက်ဆိုးတဲ့ အဖါတစ်ရာမကသော အဖါအထေးတွေနဲ့ မြန်မာနိုင်ငံလို့ ပြောလို့ရနေ ပါပြီ။
အန်တီပြုံးကြီးက ဖုန်းဆက်ပြီး ပြောတယ်-နောက်ကြောင်းတွေကြီးရေး မနေနဲ့ အုံး ယခု့ ဖြစ်နေတာကိုလဲ ရေးပါဦး သားရယ်တဲ့၊
အန်တီပြုံးနဲ့ ကွယ်လွန်သွားတဲ့အမေနု သူတို့ နှစ်ဦးကသားလို့ အမြဲခေါ်တယ် ၊ သူတို့ စကါးဆိုရင်- လေးလေးနက်နက်ထားပါတယ်။

အမှန်တကယ်ပြောရရင် စာရေးသူ (၈၈၈၈)က လွန်လာတဲ့ ဒီဘက်နိုင်ငံရေး အကြောင်း မရေးချင်ပါဘူး ။
ထောင်းသမျှက ကို့ ပေါင်ကိုပဲပြန်ထိစရာများသာဖြစ်နေတော့- တချိန်ကအနစ်နာခံခဲသူတွေ ယခု့  စိတ်ဓါတ်တက်ကြွစွာ လုပ်ဆောင် နေတဲ့ သူတွေကို ငဲ့နေလို့ ပါ-။

မဆိုင်ပါဘူး သားရယ် ရေးမှာသာရေးပါ-ကောင်းတဲ့သူတွေကတော့-သားကို အပြစ်တင်မှာ မဟုတ်ပါဘူးတဲ့ ။
ကဲတင်ချင်တဲ့သူကတင်ပါစေတော့ ရေးပါတော့မည်။



မြန်မာပြည်ကြီး ကောင်းမွန်လာအောင် ဘယ်လိုပြင်မလဲလို့ မေးရင်း-မီးရှို့ပြီးမှ လာမေးပါလို့ ပြောချလိုက်ချင်တယ်။

ဒီလိုဆို စာရေးသူလဲ ပါမှာပေါ့လို့ ပြောကြရင်လဲ ပါပါစေတော့ဗျာလို့ ထပ်ပြောလိုက်ပါမယ်။

ဘာဖြစ်လို့ ဒီစကားပြောသလဲ?၊ အဖြေပေးပါမယ် ။
(၈၈၈၈)လူထုအုံကြွမူ့ ရဲ့ အရှိန်ကို ရပ်တန့် လိုက်တာက ပါတီအဖွဲ့ တွေပဲ-ဒီလိုပါတီ အပြိုင်ဖွဲ့ တာကို စစ်တပ်ရဲ့ အကြိုက် ဖြစ်သွား တယ်-
စစ်တပ်က-တကယ်ကြောက်နေတာက လူထုတိုက်ပွဲ ကိုပဲ ၊ 
ပထမ- အောင်-စု-တင်၊ဆိုပြီးထွက်လာတော့-အာလုံးက ဒါကို စိတ်ဝင်စားနေတယ်၊


-ရွေးကောက်ပွဲ ကော်မရှင် စဖွဲ့ ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး ၊ဦးအောင်ကြီး၊ကျောင်သားများ ရှေ့ နေများနှင့် ရဟန်းပျိုက နှစ်ပါးတက်တယ်-
အဲ့ဒီမှာ-အပျော့စွဲနဲ့ သွေးတိုး စမ်းသပ်တာပဲ-
ကျောင်းသားတွေ ရဟန်းတွေက မဲရုံစောင့်ကျပ်ပြီး ပျော်ပျော်ပါးပါးလုပ်ကြမယ်ပြောတယ်၊

ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးသမားတွေ.ဆွေးနွေပြီးတော့ စာရေးသူ ထိုင်နေရာမှ ထပြောလိုက်တယ်-
ပြည်သူတွေရဲ့ သဘောဆန္ဒကအရေးကြီးပါတယ်။

ပြည်သူတွေက သဘောမတူဘူးဆိုရင် ဦးဇင်းတို့ လဲဘာမှ မတတ်နိုင်ဘူး ဟု ပြောကါ- ရွေးကောက်ပွဲကို ဆန့် ကျင်စကါး စာရေသူက ဆိုတော့  အဲဒီဦးဇင်းနာမည် မှတ်ထားဆိုပြီး မသိမသာပဲ ချိန်းခြောက်စကားဆိုတယ်၊
စာရေးသူကလဲ မှတ်ထားပါဆိုပြီး ဘွဲ့ နာမည်ပြောပြလိုက်တယ်၊
အဖွဲ့ တွေထဲက- ဒါနဲ့ ပါတ်သက်လို့ ဘာစကားမှမထွက်လာတာကြောင့်- စာရေးသူ နောက်တကြိမ် ၊ ပြောမဲ့စကားတွေကိုမပြောတော့ပဲညိမ်နေလိုက်တယ်။
ဒီအကြောင်းတွေကို နောက်မှပဲ ရေးပါအုန်းမည် လိုရင်းကိုသွားကြစို့ =ပါတီတွေ မှိုလိုပေါက်ကထဲက ဘယ်သူမှမရဘူး-
ဒေါ်အောင်ဆန်းစုကြည်လဲ အုပ်ချုပ်ရမှာမဟုတ်ဘူး လို့ မန္တလေး ဓမ္မိကါရာမတိုက် ညာဘက်ဒေါင့်က စာရေးသူမိတ်ဆွေ မျိုးမြစ် အိမ်မှာ ငြင်းကြပါသေးတယ် ။

သူတို့ ဒေါ်အောင်ဆန်းစုကြည် မဲနိုင်မယ် ပြောတယ်၊
စာရေးသူက ဒေါ်အောင်ဆန်းစုကြည် တို့  မအုပ်ချုပ်ရဘူးပြောတယ်၊
လုပ်ကြံရေးတယ်ထင်ရင် အချိန်မရွေး ဆွေးနွေနိုင်ပါတယ်- ကိုမျိုးမြစ် မန္တလေးမှာရှိတုန်းပါ။


ဒီအကြောင်းအရာကိုလဲ ဒီနေရာမှာ ထားခဲ့ပါအုန်းမယ်။

လုံးဝပျောက်ဆုံးသွာသော နိုင်ငံရေးဟုထင်ကာ စာရေးသူ စိတ်ဓါတ်ကျနေတုံး-ထိုင်နိုင်ငံမှာ ယှဉ်ပြိုင်အစိုးရဖွဲ့ ပြီ သတင်းကြားရတော့ အားတက်သွားပြန်တယ်-
နိုင်ချေလေးတော့ ပြန်ပေါ်လာပြန်ပြီ ။

ဒါနိုင်ငံရေး ရှင်သန်ဘို့ လမ်းစတွေ့ ပြီ- စာရေးသူ တကယ်ပဲ စိတ်ဝင်စားတယ် ဖွဲ့ စည်းမဲ့သူတွေကလဲ အမတ်လောင်းတွေ သူတို့ က ရွေးကောက်ပွဲမှာ အနိုင်ရထားတာ ဆိုတော့ နိုင်ငံတကာက လက်ခံပြီး တရားဝင် အစိုးရ ဖြစ်လာဘို့ လမ်း ရှိတယ် ။

သို့ သော် အထင်နဲ့ အမြင် စိတ်ကူးနဲ့ လကတွေ့  လွဲချော်ရပြန်ပြီ -
ဘာကြောင့်ဘယ်လိုဖြစ်တယ်ဆိုတာ အားလုံးသိပြီး သားမို့ အပို မပြောလိုတော့ပါဘူး၊
စစ်တပ်ကို တရားဝင် အစိုးရမဟုတ်ကြောင်းကို အာစီရံမှာ မပါဝင်နိုင်အောင် အင်တိုက်အားတိုက်-ဝိုင်းပြီးဖိအားပေးရမယ် -
အာစီယံနိုင်ငံတွေက နိုင်ငံရေးသမားတွေ မျှော်လင်စရာဖြစ်ခဲ့ပေမဲ့ ၊ ဒါပေသည်-စစ်အစိုးရကို နိုင်ငံခြားမထွက်နိုင်အောင် ထွက်မရအောင် နိုင်ငံတကါနဲ့  မဆက်ဆံနိုင်အောင် မတားနိုင်ခဲ့တော့ -ယှဉ်ပြိုင်အစိုးရက တရားဝင်အစိုးရ ဖြစ်မလာ တဲ့အပြင် ယှဉ်ပြိုင်ဆိုတဲ့ အမည်လေးတောင် တိမ်ဖုံးသွားပါတော့တယ်။

လက်နှက်ကိုင် တော်လှန်ရေး နှင့်ပါတီနိုင်ငံရေး ဘာကြောင့် မအောင်မြင်သလဲ -တကယ်စဉ်းစားလိုက်တော့ -ထောက်ပံ့ကြေးစားတဲ့ နိုင်ငံရေးကြောင့် အကျင့်ပျက်သူတွေကြောင့် စသည်စသည် ကိစွ့ရပ်များက မှန်တော့ မှန်ပါတယ် ဒါပေသိ အဓိကအချက်ကို မတွေ့ ဘူးလို့ ထင်တယ်။

-အစဉ် အလာဖြစ်ပေါ်ခဲ့မူ့ ကို ပြန်ကြည့်ရင် စုစည်းမူ့  အလွန်အားနည်းတာတွေရတယ်-ဒိမိုကရေစီ တော်လှန်း ရေး မှာ အဖွဲတွေ့ မှိုလိုပေါက်နေသရွေ့ အောင်မြင်မှာမဟုတ်ပါဘူး။

ရာထူး နေရာကိုအဓိကမထားပဲ စည်းလုံးရေး အသိစိတ်နဲ့  စည်လုံးရေးမူတွေ အများကြီးလိုတယ် -
ခေါင်းဆောင် ကောင်းကို ရှာတွေ့ နိုင်ဘို့ လဲလိုတယ် ခေါင်းဆောင်ကောင်းဆိုတာ ငါခေါင်းဆောင်နိုင်တယ်လို့ - ပြောသူကို ခေါင်းဆောင်တင်ဘို့ မဟုတ်ပါဘူး ။

အများကတင်တဲ့ အများကကြည်ညိုတဲ့ လေးစားတဲ့ ခေါင်းဆောင်ကို တင်နိုင်ဘို့ လိုပါတယ်-
အသီးအသီး-ဌာနအလိုက် တာဝန်ခွဲ ဝေပြီး တစ်ဖွဲ့ တသံ နဲ့ တက်ညီလက်ညီ လှော်နိုင်ရင် အောင်မြင်မူ့ ကို မျှော်နိုင်ပါတယ် ။ 


=== မဟာမိတ်ဆိုသော စကားနဲ့ တော်လှန် ရေးအုပ်စုများ=== ဥပမာ -တအိမ်ထဲမှာ ညီကိုမောင်နှမ တဆယ့်လေးယောက်ရှိတယ်-ဘေးအိမ်တွေက မိတ်ဆွေတွေဖြစ်တယ် ၊

အရင်းနှီးဆုံးမိတ်ဆွေကြတော့ မိတ်ဆွေကြီး ဒီမိတ်ဆွေကြီးက အိမ်ချင်းလဲကပ်နေတာရှိသလို ရွာခြား မြို့ ခြားတဲ့နေရာ တွေမှာလဲ ရှိကြတာပဲ -
အဲဒါ မဟာမိတ်ဆွေတွေပဲ- တအိမ်ထဲနေကြတဲ့ ညီကိုမောင်နှမကို မိတ်ဆွေလို့ ပြောရင် မိတ်ဆွေလို ဆက်ဆံရင်း သွေးစည်းမူ့  ဘယ်လိုလုပ်ရမလဲ သွေးကွဲကြမှာပဲ -
စာရေးသူက ဒီလိုမြင်တယ် -
တော်လှန်ရေးကာလတလျှောက်လုံးမှာ -ညီကို မောင်နှမများဖြစ်ကြပါလျှက် မဟာမိတ် မဟာမိတ်နဲ့ ဖွဲ့ လိုက်ကြတဲ့မဟာ မိတ်-ဒါများနိုင်ငံရေး ဝါရင့်တွေလို့ ဆိုကြတာ အံ့သြ ပါတယ် -

ဒါကို မပြင်နိုင်သရွေ့ လမ်းစဘယ်တော့မှ မတွေ့ နိုင်ဘူး၊ 
မဟာမိတ်ဆိုတာကို အနက် အဓိပွါယ် မှန်အောင်မဖွင့်နိုင်တဲ့-နိုင်ငံရေး ခေါင်းဆောင်တွေ ဒီမိုကရေစီ ရရင်တောင် ဒီမဟာမိတ်ကြောင့် သွေးကွဲကြအုံးမယ် ထင်ပါတယ်ဗျာ။
စာရေးသူ ပြောတဲ့ ညီကိုမောင်နှမ ဆယ့်လေးယောက်ဆိုတာ ယခင် မြန်ပြည်ရဲ့  တိုင်းရင်းသား ညီကိုမောင်နှမများကိုဆိုတာပါ-

ဒီညီကိုမောင်နှမတွေ သွေးမစည်းတဲ့ မဟာမိတ်နဲ့ တော်လှန်ရေး ဆင်နွဲလာတာ နှစ်ဘယ်လောက်ကြာပြီလဲ-
ကချင်နဲ့ =နအဖ= တပ်တွေ ထိပ်တိုက်တွေ့ရင် ရှမ်းကအနေသာကြီး၊ 
ကရင်နဲ့ =နအဖ=ထိပ်တိုက်တွေရင်-မွန်ကအနေသာကြီး ၊ကျောင်းသားနဲ့ =နအဖ =တွေ့ ရင် ကျန်အဖွဲ့ တွေက အနေသာကြီး ။
ဒီလိုပဲသူ့ အဖွဲ့ ကိုအဖွဲ့ -အဖွဲ့ တွေများ အုပ်စု-တွေပွါးပြီး-သူဖြစ် သူခံ ကိုယ်ဖြစ်ကိုခံ-စစ်ကူဆိုတာ တော်လှန်းရေးလောကမှာ မရှိသလောက်ကိုရှားပါတယ်-

ညီအကိုအရင်းဆိုတာ-မမေ့ကြနဲ့ ။မဟာမိတ်ဆိုတာ မဖိတ်ရင် မလာပါဘူး-
ဖိတ်မှလာတာ-ဆိုတော့ ရှေ့ဆက်ပြီး ဒီပေါ်လစီကို ကျင့်ဘို့ စိတ်မကူးပါနဲ့ တော့လို့  အကြံပေးလိုပါတယ်။
နအဖ=က- ကချင်ပြည်နယ်က တိုက်ပွဲကို ထားဝယ်ဘက်က-စစ်တပ်.ချက်ချင်းရောက်ခဲ့နိုင်တယ်၊ တော်လှန်ရေး တပ်ဖွဲ့ တွေမှာ တော့-တဖွဲ့ ထဲက တပ်စိတ်တစိတ်ကို စစ်ကူလွတ်ဘို့ ရာ အခက်အခဲဖြစ်နေတော့ - သမင်မွေးရင်း ကျားစားရင်း ဖြစ်နေတာပေါ့။


အိမ်နီးချင်းနိုင်ငံတွေ- မိမိတို့ နိုင်ငံရေးကို အားပေးတဲ့နိုင်ငံတွေကို မဟာမိတ်ဖွဲ့ ကြရမှာဖြစ်ပါတယ်-
သူတို့ ဆီကအကူအညီ အပြည့် အဝတော့ရမှာမဟုတ်ဘူး ။
ကိုယ့်အား ကိုတော့ ကိုယ်အားကိုးကြရလိမ့်မယ်။ စာရေးသူ စိတ်ကူးကြည်မိတာက=အမတ်လောင်းတွေ အစိုးရဖွဲ့ ပြီး တိုင်းရင်း သားတပ်တွေကို တစုတစည်းထဲ စုစည်းပြီး တပ်မတော်တခု အခိုင် အမာတည်ထောင်ရမယ်-မြန်မာ့ မြေပေါ်မှာ နယ်မြေတစ်ခု ရအောင်ယူရမယ် -
မည်သည့် နေရာကပဲ ဖြစ်ဖြစ် ရပြီဆိုတာနဲ့ တရားဝင် အစိုးရအဖြစ်-ကျေညာနိုင်ပြီး- လူထုထောက်ခံချက်တွေကို ရယူကာ အာရှတိုက်ကို အဓိကထားပြီး နိုင်ငံကြီးတွေထံမှ ကူညီမူရအောင်ကြံဆောင်ကြရင်=နအဖ-သည် မတရားလက်နှက် ကိုင် အကြမ်းဖက်သူများ အဖြစ် ကျေညာနိုင်ရင် အောင်မြင်လိမ့်မယ်လို့  ထင်ပါတယ်။

သို့ သော် တိုင်ရင်းသားတွေ ယုံကြည်မှူ့ ပြည်သူတွေ ယုံကြည်မှူ့ရဘို့  အစကပဲ ပြန်တည်ဆောက်ရလိမ့်မယ်။
ကရင်ကယား ချင်း.မွန်.ဗမာ ရခိုင် ရှမ်း ကချင် အစရှိသော တိုင်းရင်းသား မတစ်ထောင် ဘွားထဲက ဖြစ်ပေါ်လာတဲ့ ရဟန်းသံဃာ တွေ-အားလုံးရဲ့ စိတ်က ညီအကိုအရင်းတွေ- တစ်ပါးထိရင် တစ်ကျောင်းလုံးထွက်တယ် ၊ 
တစ်ကျောင်းထိရင်-တမြို့ လုံးထွက်တယ် ၊
တမြို့ ထိရင် -တနိုင်ငံလုံး ထွက်တယ်၊
(၈၈၈၈)တော်လှန်ရေး ၊ပခုက္ကူ-ရဟန်းသံဃာ-အရေးက-ကြီးမားတဲ့ ရွှေဝါရောင်တော်လှန် ရေးအထိ ဖြစ်လာတာ တစ်ပါးထိရင် ညီအကို သံဃာတော်များ အသက်ပေးဘို့ တောင် ဝန်မလေးကြတာအားလုံးအသိပဲမဟုတ်လား၊


ရှေ့ အစဉ်အဆက်ကထည်းက ဒီလိုပဲ ညီအကိုတွေ သွေးစည်းခဲ့တာပါ၊ 
ဦးဆောင်ဆရာတော်များကလဲ သံဃာ့အားကို မလွန်ဆန်ပဲ သီလ သိကွ့ါ ကိုယ်ကျင့် တရားပြည့်စုံပြီး စေတနာ အနစ်နာခံကြတော့ အုပ်ချုပ်ရေးလဲ မပျက်စီးတာ ယနေ့ အထိ တွေ့ မြင် ခိုင်မြဲနေ ပါတယ် ။

စာရေးသူ သိသလောက် ပြောရရင် လွတ်လပ်ရေး ရယူခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း တို့ ဟာ-တိုင်းရင်သားတွေကို တနိုင်ငံထဲ အတူနေ ညီအကိုတွေလို့ အဆိုရှိတယ်။
မဟာမိတ်တပ်တွေ လာပြီလာပြီဆိုတာ နိုင်ငံရပ်ခြားတိုင်းတပါးက စစ်ကူတွေကို ခေါ်ဝေါပြောဆိုတာပါ ။

တရေထဲ တမြေထဲ တနိုင်ငံထဲ အတူနေရင်း -မတရားသော စစ်အာဏာရှင် စနစ်ဆိုးကို တိုက်ထုပ်နေတဲ့ ဒီမိုကရေစီ တော်လှန်ရေး အတူတူနွဲတဲ့ ညီအကိုအရင်းတွေပါ-
သူစိမ်းမဆန်ကြပါနဲ့ တော့။

နောက်တချက်က= ဒါမဖြစ်နိုင်ဘူး မလွယ်ဘူး=
အမတ်တွေကလဲ မမတ်နိုင်တော့ဘူး အားလုံး လဲကုန်ပြီ သူတို့ မစွန့် စားရဲတော့ဘူး။
အဆီတက်ကုန်ပြီ ခေါင်းဆောင်ကိုလဲ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ မြင်တယ်ဆိုရင် ပြည်တွင်နိုင်ငံရေးကို ဆက်တိုက် မရပ်မနား ဖေါ်ဆောင်ဘို့  ဖေါင်ဖျက် ဆော်ကြရမယ်။

တနိုင်ငံလုံးရှိ နိုင်ငံရေးသမားတွေ ထောင်ထဲကို တပြိုင်ထဲ စီတန်းပြီး ဝင်လိုက်ကြမယ် ဝင်ရဲကြမယ်ဆိုရင်=ပြည်ပရောက်သူတွေ ပြည်တွင်းပြန်ဝင်ပြီး ဦးဆောင်သင့်တယ်။


ဦးဆောင်ကြမယ်ဆိုရင်= နအဖ=စစ်တပ်အာဏာ မုချကျဆုံးမယ်လို့ ယုံပါတယ် ၊

လိုက်တန်းပြေးတမ်း ကစားနေလို့  ကတော့ -တနိုင်ငံလုံးရှိ ပြည်သူတွေ- မမှည့်ခင်ကြွေ-မသီးခင်-ပြုတ်၊ မပွင့်ခင်-ခြောက်လို့ ၊ နောက်ဆုံး အမြစ်ပါ ပျောက်သွားလိမ့်မယ်။
မြန်မာပြည်ဟာ သူတောင်းစားဝတ်တဲ့ အဝတ်ထက် ဆိုးပါတယ်။ 
ဖါစရာနေရာမရှိအောင် အဖါတွေကထပ်နေပြီ ပင်ကိုယ်အစ တောင် မရှိတော့ဘူး၊ ဒါကြောင့် ပြောတာပါ။

အစမရှိ အဆုံးမမြင်ပဲ နိုင်ငံတော်ကို ပြုပြင်နေကြပါတယ် ဆိုတဲ့ ဆရာကြီးတွေ၊ ပြည် တွင်းကနိုင်ငံ ရေး ဒေါ်အောင်ဆန်းစုကြည် -ပါးစပ်အဟကိုပဲ ကြည့်တတ်ကြတဲ့ - ဝါရင့် စစ်ထွက် အိုမင်း ရင့်ရော်နေတဲ့သူတွေ ၊လွတ်မြောက်နယ် မြေက အမတ်တွေနဲ့  နိုင်ငံရေးခေါင်းဆောင်တွေ ကိုလဲ (မပြောချင် ပါဘူး စာဖတ်သူတွေက ပိုတောင်သိမှာပါ) ။

အစရှာမရနိုင်တဲ့ အပ်မျှင်ကြိုး အရှုပ်အထွေးကြီးကိုအချိန်ကုန် ဖြေဘို-့ စာရေးသူကတော့- စိတ်ကူးမနေချင်တော့ပါ ၊မီးတင်ကာရှို့ လိုက်ချင်တော့တယ်။
နောက်ဆုံးပြောချင်တာက=-ဒီလိုရေးလို့ -နအဖ-လို့ စာရေးသူကို စွပ်ဆွဲချင်ရင် ပြည်သူ့ ရှေ့ မှောက်ကို ထွက်ခဲ့ပါ ။
-အပြုံးမပျက်တဲ့ နှလုံးရေတိုက်ပွဲမှာ ဘယ်သူက=နအဖ=ဆိုတာ သိကြရတာပေါ့ ။
နိုင်ငံရေးတလျှောက်မှာ အောက်လက်ငယ်သားတွေနဲ့ -အင်အားမဲ့ သူတွေကို (နအဖ) ဆိုတဲ့ ပေါ်လစီ စကားနဲ့ ခြိမ်းချောက်ပြီး စားကောင်းတိုင်းစားနေတဲ့ - မဆလ မျိုးဆက် အနွယ် တွေ မျိုးဆက်လို့  ၊ဒီပေါ်လစီကိုဆက်လက်သုံးနေလို့ကတော့ ဘယ်တော့မှ မြန်မာပြည် ဒီမိုကရေစီ အစစ်ကိုရမှာမဟုတ်ဘူးလို့ ရဲရဲကြီးပြောရဲပါတယ်။

ဒီမိုး ဒီနွေ၊ ဒီအခြေနဲ့  ။ ဒို့ ပြည် ဒို့ နိုင်ငံ ဘယ်ချောက်ထဲကို-ဘယ်တော့ ရောက်သွားမှာပါလိမ့်လို့  ရင်လေးပြီး ပူဆွေးနေကြတဲ့ ပြည်သူတွေ ဒီပြည်သူတွေကိုငဲ့ပါ။

အသက်ပေး စွန့် လွတ်အနစ်နာခံသွားသူတွေ ဥပဒေမဲ့ မတရား အကျဉ်းချခံထားရတဲ့ နိုင်ငံရေး-သမားတွေ ဒီလူတွေကိုငဲ့ညှာပြီး အားလုံး ညီညွတ်ပြီး တိုင်းပြည်ကို ချစ်နိုင်ကြပါစေ။။= 

ဂနွ့သာရ(၈၈၈၈)ရဟန်းပျို ခေါင်းဆောင် 
၃ နိုဝင်ဘာ ၂၀၁၀

No comments:

Post a Comment

Masha langai ngai a tingkyeng shinggyim ahkaw ahkang hpe hkra machyi shangun ai zawn re ai Gasi ,Ga hkum ni,Kyinsha Lasha re ai Gasi,Ga hkum ni hpe koi gam ga