Yawng.. hpe.. LAIKA DUM.. kaw.. nna.. Grai.. Kabu.. Gara.. ai.. Myit.. hte.. Hkap.. Tau.. La.. Nga.. ga.. ai,,,,,Welcome.. To.. LAIKA DUM,,,,,We.. Support.. KIO/A***Jiwoi.. Jiwa.. ni.. e.. du..daw.. sai..hkaw.. let.. makawp.. maga.. hkinghtawng.. jaw.. da.. sai.. Chyurum.. ai.. Wunpawng.. Jinghpaw.. sha.. Annau ..Ni.. a ..Dailup Daihpang.. Lamu.. ga ..Ya.. myen.. hpyen.. wa.. Up.. Sha.. nga.. ai ..lu....

Sawk Tam na

Kachin National Anthem

Wednesday, November 21, 2012

Obama Must See the Dark Side of Burma’s ‘Reforms’

By Maung Zarni

In two days, US President Barack Obama is scheduled to make a brief visit to Burma, Asia’s hottest destination. While there, he should look beneath the surface and try to see the ugly realities of the country’s reforms and hear the cries of the wretched of Burma, such as the Muslim Rohingyas and the Christian Kachins.

Monday, June 18, 2012

မဟာအကြမ်းဖက်မှု အဖွဲ့ကို ဝိကလီက ဖွင့်ချပြီ -သစ်ကို (အမေရိကန်)-

Trap of Burmese Cronies, Time to Reverse Our Ruined Arcadia.

Wikileaks မှ ပြောသည့် ရိုဟင်ဂျာ များနှင့် Al Qaeda ၊ မြန်မာ သောင်းကျန်သူများ အဆက်အသွယ် ရှိခြင်း
by James Mmt on Wednesday, October 19, 2011 at 10:49pm · 


အကျဉ်းရုံးအနေဖြင့် - ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဖိအားပေးမှုကြောင့် ARNO ဟာ သူတို့အဖွဲ့အစည်းနေရာအား ကရင်နီ အဖွဲ့အစည်းဖြစ်တဲ့ KNPP ထိမ်းချုပ်ထားသည့် ထိုင်း-မြန်မာ နယ်မြေအတွင်းသို့ ပြောင်းရွှေ့ရန်အတွက် 2002 သြဂုတ်လနှောင်းပိုင်းမှာ ဆက်သွယ်ခဲ့ပါတယ်။ မြန်မာထောက်လှမ်းရေးဘက်က အစီရင်ခံစာအရ ARNO ဟာ ထိုင်း-မြန်မာနယ်စပ်မှာ လှုပ်ရှားနေသည့် Democratic Alliance of Burma နှင့် အဖွဲ့ဝင်ဖြစ်ရန် ကြိုးပန်းခဲ့ပါတယ်။ KNPP ဟာ ARNO ရဲ့ ဆက်သွယ်ချက်ကို ငြင်းပယ်ခဲ့တာကို ကြေငြာခဲ့ပါတယ်။ DAB ဟာလည်းပဲ ARNO ၏ အဖွဲ့ဝင်အဖြစ် လျှောက်လွှာအား ငြင်းပယ်ခဲ့ပြီး စာရွက်စာတန်းများအရ စစ်ရေးမဟာမိတ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ARNO ဥက္ကဌ Nurul Islam ဟာ အမေရိကန်ဗီဇာအား ဆော်ဒီအာရေးဗျ ဘက်မှ လှည့်ပါတ်လျှောက်ထားခြင်းဖြင့် ရယူခဲ့တယ်လို့ မြန်မာဘက်ကလည်း သတင်းပို့ပါတယ်။ အဆိုပါကိစ္စမှာ မြန်မာပြည်ဘက်က အစီရင်ခံစာဟာ ဖြစ်နိုင်ချေရှိပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ဟာ ၎င်းတို့ ARNO နှင့် ထိုင်းနယ်စပ်တွင်ရှိသည့် မြန်မာသောင်းကျန်းသူများအား ပံ့ပိုးနေသည့် Al Qaeda နှင့် အဆက်အသွယ် ရယူရန် ရည်ရွယ်ရင်းဖြစ်နိုင်ပါတယ်။

ရိုဟင်ဂျာ၊ အနောက်ကမ္ဘာ၏ ပစ်ဖဲနှင့် မြန်မာအတွက် Sensitive Area မောင်တော -မျိုးဆက်

ကျနော့်ရင်တွေပူနေပါတယ်။ ကျနော်အခု ထိုင်နေသောနေရာတွင် အေးစက်နေသော မိုးရေများ ကျဆင်းနေပါသည်။ သို့သော် မိုင်ပေါင်းထောင်နှင့်ချီ၍ ဝေးသော အမိမြန်မာနိုင်ငံမှ ရခိုင်ဒေသအတွက် အများကြီးစိတ်ပူနေပါသည်။

ဘင်္ဂလားများဘာကြောင့် ဒီလို ထကြွသောင်းကျန်းရသနည်း။ အသတ်ခံရသော မွတ်စလင်ဆယ်ဦးကိုယ်စား မကျေနပ်၍ လား။ ကျနော်ကတော့ ဤမျှ ရိုးစင်းမည်မထင်ပါ။


Monday, May 7, 2012

မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်းကောက်ဖို့ ဘာကြောင့် အရေးကြီးသလဲ


မကြာခင်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာနိုင်ငံကို လာသွားတဲ့အခါ ထူးခြားမှုတစ်ခုကတော့၊ ကုလသမဂ္ဂ စာရင်းအင်းကော်မရှင် (UNSC)၊ ကုလ လူဦးရေဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (UNFPA) တို့ရဲ့ အကူအညီနဲ့ လာမယ့် ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံတ၀ှမ်း သန်ခေါင်းစာရင်း ကောက်ယူနိုင်တော့မယ်ဆိုတဲ့ သတင်းဖြစ်ပါတယ်။
မြန်မာ့သမိုင်းကိုကြည့်ရင် ညောင်ရမ်းခေတ်မှာ သာလွန်မင်း သန်းခေါင်စာရင်း ကောက်ဖူးတယ် ဆိုတာကလွဲလို့၊ သူ့အရင်ကော နောက်နောင်မင်းတွေလက်ထက်မှာပါ တိုင်းပြည်လူဦးရေကိစ္စ စိတ်ဝင်စားပုံ မရှိခဲ့ပါဘူး။ ဒါတောင် သာလွန်မင်း ကောက်ခဲ့တဲ့ လူဦးရေစာရင်း ဘယ်ရွေ့ဘယ်မျှဆိုတဲ့ မှတ်တမ်းအတိအကျကို မတွေ့ရပါဘူး။ အခြားတိုင်းရင်းသားဒေသတွေရဲ့ လူဦးရေဆိုတာလည်း သက်ဆိုင်ရာ ဒေသအုပ်ချုပ်သူတွေ ကောက်ယူခဲ့တာ မကြားဖူးသလို၊ ဗမာမင်းတွေလည်း စိတ်မ၀င်စားခဲ့ပါဘူး။

Sunday, May 6, 2012

Democracy Index


    ဒီမိုကရေစီ စံနှုန်း (Democracy Index)


နိင်ငံတနိင်ငံမှာ ဒီမိုကရေစီရှိမရှိကို နိင်ငံရေးသုခမိန် တွေ  ဒီမိုကရေစီစံနှုန်း ( Democracy Index ) ဆိုတာနဲ့  တိုင်းထွာလေ့ရှိတယ်။ ဒီစံနှုန်းမှာ အချက် ( ၄ ) ချက်ရှိတယ်။

၁- ရွေးကောက်ပွဲ ဟာ တရားမျှတမှုရှိမရှိ ( Whether National Elections are free and   fair)
၂-  မဲပေးတဲ့ နိင်ငံသားတွေ မှာ လုံခြုံမှုရှိမရှိ ( Security of Voters )
၃-  နိင်ခြား နိင်ငံတွေက လွမ်းမိုးခံနေရမှု ရှိမရှိ။ ( The influence of foreign powers on government)
၎- အစိုးရ၀န်ထမ်းတွေက ပေါ်လစီတွေကို အကောင်ထည်ဖေါ်ဆောင်နိင်စွမ်းရှိမရှိ ။ (  the Capability of the Civil Servants to implement policies )