Yawng.. hpe.. LAIKA DUM.. kaw.. nna.. Grai.. Kabu.. Gara.. ai.. Myit.. hte.. Hkap.. Tau.. La.. Nga.. ga.. ai,,,,,Welcome.. To.. LAIKA DUM,,,,,We.. Support.. KIO/A***Jiwoi.. Jiwa.. ni.. e.. du..daw.. sai..hkaw.. let.. makawp.. maga.. hkinghtawng.. jaw.. da.. sai.. Chyurum.. ai.. Wunpawng.. Jinghpaw.. sha.. Annau ..Ni.. a ..Dailup Daihpang.. Lamu.. ga ..Ya.. myen.. hpyen.. wa.. Up.. Sha.. nga.. ai ..lu....

Sawk Tam na

Kachin National Anthem

Monday, January 23, 2012

The Last Night in the Cell

It was Jan. 12, the night before they were freed.
Pyone Cho, a leading member of the 88 Generation Students group detained in the remote Kawthaung Prison in southern Burma's Tenasserim Division, was immersed in a weekly journal when a prison guard he hadn't noticed standing in front of his cell asked him what he was reading.
Then the guard, speaking to him through the iron bars of Cell No. 6, told him the news: “You will be freed tomorrow.”

Sunday, January 22, 2012

၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်

၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်

၁။ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှ စတင်၍ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်သည်။

Monday, January 16, 2012

- “၀ိုးတ၀ါးရာသီ..နဲ့…ခရီးရှည်”

..မောင်ချင့်ချိန်
-၁၆-၁ -၂၀၁၂

ရှစ်လေးလုံးအရေးတော်ပုံကို စစ်တပ်နဲ့နှိမ်နှင်း အာဏာသိမ်းခဲ့ကထဲက မတရား ဖမ်းဆီးခံခဲ့ရပြီး ၂၃နှစ်ကျော် ထောင်ချခံ ထားခဲ့ရာကနေ လွတ်မြောက်လာတဲ့ မြင်းခြံဆရာတော်ဦးသုန္ဒရရုပ်ပုံကို ဒေါက်တာလွဏ်းဘလော့မှာဖူးမြင်လိုက်ရတော့ ထောင်ထဲမှာအတူတိုက်ပိတ်ခံရ စဉ်က ဆရာတော်ရွတ်ပြခဲ့တဲ့ ကဗျာတပုဒ်ကို ပြန်သတိရမိပါတယ် ။

အဲဒီတုန်းက ညနေဘက်ထောင်ပိတ်ပြီးသွားရင် တခန်းနဲ့တခန်း သီချင်းတွေ ၊ ကဗျာတွေ ဆိုပြရွတ်ပြကြပြီး ပျင်းရိငြီးငွေ့စရာ အချိန်တွေကို ကျော်ဖြတ်ကြပါတယ် ။

အပြောင်းအလဲ အပြောင်းအလဲနဲ့ စကားလုံးလှလှတွေနဲ့ ကဗျာဆန်ဆန်တွေ လျှောက်မလုပ်နဲ့ – talk with U Gambira

ဦးဂမ္ဘီရနှင့် Yangon Press International အင်တာဗျူး
ဇန်န၀ါရီ ၁၅၊ ၂ဝ၁၂ဦးဂမ္ဘီရ (ဓာတ်ပုံ – ??)

၂၀၀၇ သံဃာ့ အရေးအခင်းကာလတွင် အာဏာပိုင်များက ၀င်ရောက် စီးနင်းခဲ့ပြီး ချိတ်ပိတ်ခံထားရသော ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်သို့ စနေနေ့နံနက်က ရောက်ရှိလာခဲ့သော ဦးဇင်း ဦးဂမ္ဘီရအား ၀ိုင်ပီအိုင်က တွေ့ဆုံမေးမြန်းထားသည်။

ဝိုင်ပီအိုင်။ ။ဦးဇင်းတို့ လွတ်လာပြီဆိုတော့ ဗမာပြည်ဟာ အပြုသဘောဆောင်တဲ့အပြောင်းအလဲတစ်ခုဖြစ်နေပြီလို့ပြောနိုင်ပြီလားဘုရား၊
ဦးဂမ္ဘီရ။ ။ ပြောင်းလဲတယ်ဆိုတာ လက်ရှိအနေအထားမှာ ကျုပ်မနေ့က ထောင်ကလွတ်လာတယ်၊ ဒီနေ့ ရန်ကုန်ပြန်ရောက်တယ်။ ဒါကတော့ အသေချာဆုံးပဲ၊ ကျန်တာတွေကတော့ ဘာတွေပြောင်းလဲတယ် ဆိုတာ သေချာ မသိရသေးဘူး၊ သိပ်တော့ မထူးခြားသေးပါဘူး။

Saturday, January 14, 2012

နိုင်ငံရေးပိုင်သူကို မျှော်လင့်နိုင်ပါပြီ

..ဦးဖိုးသာအောင်--၁၀-၁ -၂၀၁၂

ကြက်ဥအရောင်တိမ်တောင်သဖွယ် မင်းရေးကြယ်၏တဲ့၊ 
နိုင်ငံရေးဆိုတာ အလွန်ကျယ်ဝန်းလှပါတယ်၊ ဒါကြောင့်လည်း ဆရာမောင်သာနိုးက ၂၀၁၀ ခု ဒီဇင်ဘာလမှာ “ နိုင်ငံရေး ပိုင်သူရှားပါး ” ဆိုတဲ့ ဆောင်းပါးကို ရေးသားထားတာကို ဖတ်လိုက်ရပါတယ်၊ 

ဆရာရဲ့ဆောင်းပါးကို ဖတ်ပြီး စိတ်ထဲမှာ မကောင်းဖြစ်မိပါတယ်၊ မြန်မာနိုင်ငံကြီးဟာ စုတ်ပြတ်မွဲတေသွားပြီး လူတွေလည်း စာရိတ္ထတွေ ပျက်ပြားကာ ပညာမဲ့တွေ ဖြစ်ကုန်ကြရပါတယ်၊ 
အဲဒီအရှိတရားအတိုင်း လက်ခံသုံးသပ်ကြည့်တဲ့အခါ မြန်မာနိုင်ငံမှာ “ နိုင်ငံရေးပိုင်သူ ” တနည်းအားဖြင့် “ နိုင်ငံရေးနားလည်သူ ” ရှားပါတယ် ဆိုတာကိုတော့ ထောက်ခံရမှာ အမှန်ပါပဲ။

Saturday, November 19, 2011

“ကြယ်တွေ ရှင်း၍ လမင်း ထိန်ထိန် သာစေချင်”-

ဖိုးသောကြာ
17-11-2011

ပြည်ထဲအရေး၊ ပေါက်နှင့်ကျေး။ တိမ်တောင်သဖွယ်၊ မင်းရေးကျယ် ဆိုသော ရှေးစကားသည် လက်ရှိ မြန်မာ့ နိုင်ငံရေး နယ်ပယ်နှင့် ထပ်ဟပ် ကိုက်ညီ နေသည့် အချိန် ကာလဖြစ်သည်။




၁။
မြန်မာ့ နိုင်ငံရေး လောကတွင် တချိန်က (၁၉၈၈) အပြီး ဦးစောမောင် ၊ဦးသန်းရွှေ တို့ နောက်တွင် ဦးနေ၀င်းကြီး ကြိုးကိုင် ချယ်လှယ် နေသည် ဟု လူတိုင်းက ပြောဆို မှတ်ယူနေကြ သကဲ့သို့ ယခုလည်း၊ မနိုင်လျှင် နိုင်အောင် တမင်ညစ်ပတ် အနိုင်ရယူ ထားသော ၂၀၁၀ ရွေးကောက်ပွဲ အရ တက်လာသည့် ဦးသိန်းစိန် အစိုးရ နောက်တွင် ဦးသန်းရွှေကြီး ကြိုးကိုင် ချယ်လှယ်နေသည်ဟု ပြောဆို မှတ်ချက်ချကြသည်ကိုသိရ ကြားရသည်။

ဦးဟန်ညောင်ဝေ၏ ပြည်တော်ပြန်ခရီး အတွေ့အကြုံ (၁)(၂)

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် ဥရောပ-မြန်မာရုံး (EBO) ၏ အမှုဆောင်ဒါရိုက်တာ ဦးဟန်ညောင်ဝေသည် မွေးရပ် မြန်မာပြည်သို့ နှစ် ၅၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် မကြာသေးမီက အလည်အပတ် သွားရောက်ခဲ့သည်။ ၎င်း၏ ခရီးစဉ် အတွေ့အကြုံနှင့် ပတ်သက်၍ အရင်ကမသိခဲ့သော အရာများကို လေ့လာခွင့်၊ နားလည်ခွင့်ရသည့် သည်ဟု သူက ပြောသည်။
ဦးဟန်ညောင်ဝေ၏ မြန်မာပြည် ခရီးစဉ်နှင့် ပတ်သက်၍ ဧရာဝတီမဂ္ဂဇင်းက တွေ့ဆုံမေးမြန်းရာတွင် ၎င်းမြန်မာပြည်၌ ရှိစဉ်အတွင်း တွေ့ဆုံခဲ့သည့် အစိုးရအရာရှိများ၊ နိုင်ငံရေး ခေါင်းဆောင်များအပါအဝင် တခြားသူများနှင့် တွေ့ဆုံစဉ် ကြုံတွေ့ရသော အခြေအနေများ၊ မြန်မာပြည်၏ လက်ရှိအခြေအနေအပေါ် အမြင်၊ တိုင်းရင်းသား အရေးကိစ္စ စသည်တို့ကို ဖြေကြားသွားခဲ့သည်။
ဦးဟန်ညောင်ဝေ (ဓာတ်ပုံ - Shan Herald Agency for News)
မေး။     ။ နှစ် ၅၀ နီးပါးအတွင်း မြန်မာပြည်ကို ပထမဆုံးအကြိမ် အလည်အပတ်သွားခဲ့တဲ့ ခရီးစဉ်မှာ ဦးဟန်ညောင်ဝေအနေနဲ့  မြင်တွေ့ခဲ့ရတာတွေထဲက တစုံတရာအပေါ် လုံးဝ အံ့အားသင့်တာမျိုးရှိခဲ့ ပါသလား။ ကြုံတွေ့ခဲ့တဲ့ အခြေအနေတွေက နိုင်ငံရေးအရ ဖြစ်ပေါ်တိုးတက်မှုတွေ အဖြစ် မြင်ရလား။

Thursday, November 3, 2011

- ကြံ့ဖွံ့ အစိုးရ ၊ NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သေနင်္ဂဗျူဟာမြောက် ရွှေ့ကွက်များ

ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်
အများပြည်သူက ရွေးကောက် တင်မြှောက်ထားသည့် အစိုးရဟု မိမိကိုယ်ကိုယ် တွင်တွင် ကြော်ငြာနေသော ကြံ့ဖွံ့ အစိုးရနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကြား နိုင်ငံရေး စစ်တုရင် ကစားပွဲမှာ ယခုအခါ အတော်ပင် ဇာတ်ရှိန်တက် နေ လေပြီ။

Wednesday, November 2, 2011

တိုင်းရင်းသားအရေး မမေ့သင့်ပြီ

ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုး အင်အားကြီးငယ် လူမျိုးစုပေါင်း ရာကျော်နှင့် စုပေါင်းဖွဲ့စည်း တည်ထောင်ထား သော နိုင်ငံတနိုင်ငံ ဆိုသည်ကို အထူးပြောစရာ လိုမည်မထင်ပါ။

လိုင်ဇာဌာနချုပ်မှ ရှေ့တန်း စစ်မြေပြင်သို့ ထွက်ခွာသွားနေသော KIA တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ - Jinghpaw Kasa Blog)

Saturday, October 15, 2011

“အပြောင်းအလဲဖြစ်ပြီ၊မဖြစ်သေးဘူးဆိုတာ ပြည်သူတွေရဲ့လက်တွေ့ဘဝနဲ့ တိုင်းတာရမှာဖြစ်တယ်”

အမှန်တော့ တောင်ပို့ကြီးမှန်း အစောကြီးကတည်းက မြင်ထားသိထားကြပြီးသားပါ ၊“ဖွတ်ထွက်လာတာမတွေ့သေးဘူး၊ ဘုရားဖြစ်ချင်ဖြစ် နေမှာ ၊ စောင့်ကြည့်ကြသေးတာပေါ့ ” လို့ ဝေဝါးနေဖို့ကိုမလိုတာပါ ၊ “သူများလိမ်တာခံရတာမျိုးက ပထမတကြိမ်မှာ လိမ်တဲ့သူအမှား ၊ ဒုတိယတကြိမ်လည်း လိမ်တဲ့သူအမှားပဲ ၊ အခါခါခံရရင်တော့ လိမ်တဲ့သူအမှားထက် အလိမ်ခံနေသူကိုက အ လွန်းလို့ ၊ အသုံးမကျလို့ ဆိုတာမျိုး ခံရသူအမှား” ဆိုတဲ့ ဆိုရိုးစကားဟာ ခေတ်အဆက်ဆက် ခုလိုအခြေအနေမျိုးတွေရှိခဲ့လို့ တင်စားပြောခဲ့ကြတာဖြစ်မှာပါ ။